ဝန်ထမ်းတွေအတွက် ဆန်အိတ်​လေး​တွေရယ်၊အသက်​ပေးသွားတဲ့ အာဇာနည်တွေရဲ့ နာ​ရေးအလှူငွေတွေကို လိုက်လံ လှူဒါန်းနေတဲ့ ပန်းရောင်ခြယ်

//s9.kh1.co/c4/c4c0d252296f71fa2f10903c0b185508e31408c6.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ .....အဆိုတော်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းတွေ များစွာကို သီဆိုဖျော်ဖြေလေ့ ရှိတာ ဖြစ်ပြီး အခုနောက်ပိုင်းတွင် ရုပ်ရှင်ဇာတ်လမ်းတွဲတွေကိုပါ ရိုက်ကူးလာတဲ့ အနုပညာရှင် တစ်လက်ပဲဖြစ်ပါတယ်။ပန်းရောင်က လတ်တလော ဖြစ်ပွားနေတာတွေနဲ့ ပက်သက်ပြီး နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ နိုင်ငံ့သူရဲကောင်းတွေ အတွက် စိတ်မကောင်းဖြစ်ကာ ဝမ်းနည်း​ပူဆွေး နေတာလည်း တွေ့ရပါတယ်။

Photo Credit - Pan Yaung Chel FB Page
Photo Credit - Pan Yaung Chel FB Page
Photo Credit - Pan Yaung Chel FB Page
Photo Credit - Pan Yaung Chel FB Page

လူထုလှုပ်ရှားမှုတွေမှာလည်း ပန်းရောင်က ပြည်သူတွေနဲ့ တစ်သားတည်း ရဲဝင့်စွာ ပူပေါင်းပါဝင် အားဖြည့်နေတာ ပဲဖြစ်ပါတယ်။အခုလို ဖြစ်နေတဲ့ အချိန်တွင် ပြည်သူတွေ အတွက် အလှူ အတန်းတွေကို ပန်းရောင်က သူမတတ်နိုင်တဲ့ဘက်ကနေ တတ်အားသရွေ့ပါဝင်လှူဒါန်းနေတာ ဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်လည်း ပန်းရောင်က လမ်းမထက်တွင် ရင်ထဲအေးမြစေတဲ့ ရေခဲချောင်းတွေကို လှူဒါန်းရင်း အုတ်တစ်ချက်သဲတစ်ပွင့်အနေနဲ့ ပါဝင်နေကြောင်းကို သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် အခုလိုရေးသားဖော်ပြလာတာတ ဖြစ်ပါတယ်။

Photo Credit - Pan Yaung Chel FB Page
Photo Credit - Pan Yaung Chel FB Page
Photo Credit - Pan Yaung Chel FB Page
Photo Credit - Pan Yaung Chel FB Page

"လမ်းမှာ ​vicee နဲ့ ရေခဲ​ချောင်း​ ဝေမျှရင်း သဲတစ်ပွင့်စာ​လေး ပါဝင်ခွင့်ရခဲ့ပါတယ်။ ကိုယ့်ဆီ ​ဝေမျှလိုက်တာ​တွေလဲ အကုန်ယူလာပါတယ်။ပန်း​ရောင် တတ်အားသ၍ CDM လုပ်​ဆောင်​နေတဲ့ ဝန်ထမ်းတစ်ဦးအတွက်​ ဂုဏ်ပြုငွေ​လေးရယ်၊ CDM ဝန်ထမ်းအိမ်ရာတစ်ခုအတွက် ဆန်အိတ်​လေး​တွေရယ်၊ အသက်​ပေးသွားတဲ့ မြောက်ဥက္ကာလာကအာဇာနည်တွေရဲ့ နာ​ရေးအတွက်အကူ​ငွေ သဲတစ်ပွင့်စာ ​ဝေမျှလိုက်ပါတယ်။ အခုအချိန်မှာ ပြည်သူ​တွေအတွက် အချင်းချင်းပဲရှိကြတာမို့ ကိုယ့်အတွက်​ရော ကိုယ်ချစ်တဲ့သူ​တွေအတွက်​​ရော အားလုံးကျေးဇူးပြု၍ အရာရာအထူးဂရုစိုက်ကြပါ​။ အပြင်တစ်လှမ်းထွက်မယ်ဆို mask တပ်ထားဖို့ နဲ့ တတ်နိုင်သ​လောက် အကာအကွယ်​တွေပြင်ဆင်လာဖို့လဲမ​မေ့ပါနဲ့။ ပြည်သူအားလုံး ​အမြဲဘေးကင်းကျန်းမာကြပါ​စေ။"ဆိုတဲ့ စာသားကို ရေးထားတာ​ပဲ ဖြစ်ပြီး ပရိသတ်တွေ သိရှိရအောင် ပြန်လည်ကူးယူ ဝေမျှပေးလိုက်ပါတယ်။

Photo Credit - Pan Yaung Chel FB Page
Photo Credit - Pan Yaung Chel FB Page
Photo Credit - Pan Yaung Chel FB Page
Photo Credit - Pan Yaung Chel FB Page
Photo Credit - Pan Yaung Chel FB Page
Photo Credit - Pan Yaung Chel FB Page

သတင်း အရင်းအမြစ်Pan Yaung Chel FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T