လူထုလှုပ်ရှားမှုအတွင်းမှာ အသက်ဆုံးရှုံးသွားခဲ့တဲ့ မြောက်ဒဂုံမှမောင်ဖိုးချစ်ရဲ့နာရေးအတွက်အလှူငွေသွားရောက်လှူဒါန်းခဲ့တဲ့ နော်ဖောအယ်ထား

//s9.kh1.co/ef/ef789b3fb448b4c54e3a26a082d712e0d10a5040.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာကို ပရိသတ်တွေအနေနဲ့လည်း တွေ့မြင်ကြမယ်ထင်ပါတယ်နော်။ အခုလိုမျိုးအားကြိုးမာန်တက်နဲ့ ပူးပေါင်းပါ၀င်နေကြတဲ့ ‌အနုပညာရှင်တွေထဲမှာဆိုရင် နော်ဖောအယ်ထားတစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်.....။

Photo credit-Naw Phaw Eh Htar's Facebook acc
Photo credit-Naw Phaw Eh Htar's Facebook acc
Photo credit-Naw Phaw Eh Htar's Facebook acc
Photo credit-Naw Phaw Eh Htar's Facebook acc

နော်ဖောအယ်ထားက လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ အချိန်မှစပြီး လူငယ်တစ်ယောက်အနေနဲ့ ပြည်သူတွေနဲ့အတူပူးပေါင်းပါ၀င်ကာ လုပ်ဆောင်နေတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကြီးဟာ အရှိန်အဟုန်မြင့်လာတာနဲ့အမျှ တစ်ဖက်မှာလည်း ဖြိုခွင်းမှုတွေကိုဆက်တိုက်ဆိုသလိုလုပ်ဆောင်လာကြပြီး အထိအခိုက်အကျအဆုံးများပြားလာတာကိုလည်းတွေ့ရပါတယ်.....။

Photo credit-Naw Phaw Eh Htar's Facebook acc
Photo credit-Naw Phaw Eh Htar's Facebook acc
Photo credit-Naw Phaw Eh Htar's Facebook acc
Photo credit-Naw Phaw Eh Htar's Facebook acc

ဖြိုခွင်းမှုတွေကြောင့်အသက်ဆုံးရှုံးသွားခဲ့ရတဲ့ သူရဲကောင်းတွေအတွက် ပြည်သူတွေဘက်ကနေလည်း တတ်နိုင်သရွေ့လှူဒါန်းမှုတွေပြုလုပ်နေကြတာပါ။ အခုဆိုရင်လည်း နော်ဖောဟာသူမရဲ့ Facebookစာမျက်နှာမှာ "ကျွန်မတို့ သူငယ်ချင်းမိတ်ဆွေများနဲ့ စေတနာရှင်ပြည်သူများ၊ ပရိသတ်များ ရဲ့ စုပေါင်း လှူဒါန်းငွေများထဲမှ မြောက်ဒဂုံမှ မောင်ဖိုးချစ်ရဲ့ နာရေးအတွက် သွားရောက်ပေးအပ်ခဲ့ပါတယ် ...ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ လူနာ(၉)ဦး အတွက်လည်း ဆေးကုသရန် သွားရောက်ပေးအပ်ခဲ့ပါတယ် ရှင်...နောက်ရက်တွေမှာလည်း ရန်ကုန်နဲ့ နယ်အသီးသီးရှိ မလှူရသေးသောသူများထံ ဆက်သွယ်လှူဒါန်းသွားမှာ ဖြစ်ပါတယ် သွားရေး လာရေး အခက်အခဲကြောင့် အနည်းငယ်ကြန့်ကြာနေရခြင်းကိုလည်း နားလည်ခွင့်လွှတ်ပေးပါရှင်တတ်အားသရွေ့ ပါဝင်လှူဒါန်းလိုသူများလည်း ဆက်သွယ်နိုင်ပါတယ် ...ပါဝင်လှူဒါန်းကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် ရှင်....." ဆိုပြီးရေးသားဖော်ပြထားပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Naw Phaw Eh Htar's Facebook acc
Photo credit-Naw Phaw Eh Htar's Facebook acc
Photo credit-Naw Phaw Eh Htar's Facebook acc
Photo credit-Naw Phaw Eh Htar's Facebook acc

သတင်း အရင်းအမြစ်Naw Phaw Eh Htar's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T