ကိုးနှစ်လောက် ရထားဘူတာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လေးစားစရာမျောက်ကလေး

//s9.kh1.co/0d/0dabf7ceddf14ef36686aa0bc60f360116ad9142.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီ ဘာဘွန်းမျောက်လေး ဂျက်ကိုတော့ ဂျန်ပါဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ စျေးတစ်ခုမှာတွေ့ခဲ့တာပါ။

မျောက်ကလေး ဂျက်ဟာ အဲ့အချိန်တုန်းက နွားလှည်းမောင်းတာကို ကူညီနေခဲ့တာဖြစ်ပြီး ဒီအဖြစ်အပျက်ကိုတွေ့ခဲ့တဲ့ ဂျန်ပါဟာ ဂျက်ကိုစိတ်ဝင်စားသွားခဲ့ပြီး သူအလုပ်လုပ်ရာ မီးရထားဘူတာရုံမှာ အတူအလုပ်လုပ်ဖို့အတွက် ဂျက်ကိုငှားရမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဂျန်ပါဟာ ဂျက်ကို ရထားဆစ်ဂနယ် အပိတ်အဖွင့်ကအစ ဖြေးဖြေးချင်း သင်ကြားပေးခဲ့ပြီး ဂျက်ကလည်း သင်ပေးသမျှကို မှတ်မိပြီး လိုက်လုပ်နိုင်ခဲ့ပါတယ်။

ဂျန်ပါဟာ လက်ချောင်းလေးတွေနဲ့ အချက်ပြပြီး ရထားဆစ်ဂနယ်တွေကိုခွဲခြားလို့ရအောင် ဂျက်ကိုသင်ပေးခဲ့သလို ဂျက်ကလဲ လက်ချောင်းတွေကိုကြည့်ပြီး ဘယ်လီဗာကိုဆွဲရမလဲဆိုတာကို ကောင်းကောင်းသင်ယူနိုင်ခဲ့ပါတယ်။

Photo from google
Photo from google

ဒီလိုနဲ့ ​မျောက်ကလေး ဂျက်ဟာ နာမည်ကျော်လာခဲ့ပြီး ကိပ်တောင်းမြို့ပတ်ဝန်းကျင်ကလူတွေဆို သူအလုပ်လုပ်နေတာကိုလာထိုင်ကြည့်ကြတဲ့အထိဖြစ်ခဲ့ပါတယ်။

သို့ပေမယ့်လည်း တစ်ချို့သောသူတွေဟာ မျောက်တကောင်လက်ထဲ ဒီအလုပ်အပ်ထားတာကို စိုးရိမ်ကြပြီး ရထားအာဏာပိုင်တွေထံ တိုင်တန်းခဲ့ပါတယ်။

အဲ့အချိန်မှာတော့ မန်နေဂျာဖြစ်သူဟာ တိုင်ကြားမှုကိုလက်ခံရရချင်းပဲ ဂျန်ပါနဲ့ဂျက်တို့ကို အလုပ်ထုတ်ဖို့ ဘူတာရုံကိုချက်ချင်းသွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် ဂျန်ပါဟာ ဂျက်ရဲ့ကျွမ်းကျင်မှုကိုတခါလောက်တော့ စစ်ဆေးကြည့်ဖို့ သူ့ကိုအသနားခံခဲ့ပြီး မျောက်တစ်ကောင်က ဒီလိုလုပ်နိုင်စရာမရှိဘူးလို့ ထင်နေတဲ့ မန်နေဂျာကလည်း အသနားခံမှုကို လက်ခံခဲ့ပါတယ်။

Photo from google
Photo from google

အဲ့ဒီနောက်မှာတော့ အင်ဂျင်နီယာတယောက်ကို ရထားဥသြသံပေးဖို့ညွှန်ကြားလိုက်ပြီး ဂျက်ရဲ့လှုပ်ရှားမှုကို စောင့်ကြည့်တဲ့အခါမှာ ဂျက်က ဆစ်ဂနယ်တွေကိုမှန်ကန်စွာ ပြောင်းလဲနိုင်တာကိုတွေ့ခဲ့ရပါတယ်။

ဒီ့ထက်ပိုသဘောကျစရာကောင်းတာက ဂျက်ဟာ

သူ့ရဲ့လုပ်ဆောင်ချက်မှန်ကန်သွားပြီလို့ မသေချာမချင်း ရထားကိုလုံးဝမျက်ခြေပြတ်မခံဘဲ ဂရုတစိုက်ကြည့်နေတာပါပဲ။

ဒီဖြစ်ရပ်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ မန်နေဂျာဟာလည်း ကျေနပ်အားရခဲ့ပြီး အဲ့ဒီနောက်မှာတော့ မျောက်ကလေး ဂျက်ဟာ တရားဝင်မီးရထား ဝန်ထမ်း ဖြစ်လာခဲ့ပါတယ်။

အဲ့အချိန်ကနေစပြီး ဂျက်ဟာ နောက်ထပ်ကိုးနှစ်လောက် မီးရထားအချက်ပြ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး နောက် တီဘီရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။

ဂျက်လေးဆုံးပါးသွားခဲ့တဲ့နောက်မှာတော့ သူ့ရဲ့ဦးခေါင်းခွံကို တောင်အာဖရိကနိုင်ငံ ဂရေဟမ်စတောင်းမြို့က အယ်ဘေနီပြတိုက်မှာ ပြသထားတယ်လို့သိရပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T