နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်း၁၆ယောက်အတွက် ချွေးနည်းစာပိုက်ဆံသိန်း၂၀ကျော်ကို လှူဒါန်းခဲ့တဲ့ ငွေဇင်လှိုင်းတို့မိသားစု

//s9.kh1.co/82/8240053b3b84612c6f56db28125155d2e407c5c0.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်း၁၆ယောက်အတွက် ချွေးနည်းစာပိုက်ဆံသိန်း၂၀ကျော်ကို လှူဒါန်းခဲ့တဲ့ ငွေဇင်လှိုင်းတို့မိသားစု

ပြည်သူတွေကတော့ စိတ်အားထက်သန်မှုအပြည့်နဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတာဖြစ်ပြီး မကြာခင်ရက်ပိုင်းတွေကတော့ ထိခိုက်ဒဏ်ရာရရှိသူတွေများစွာရှိတဲ့အပြင် အသက်ပေးခဲ့ရသူတွေပါ ရှိခဲ့ပါတယ်။ ယနေ့မှာလည်း မန္တလေးမှာရှိတဲ့ လူငယ်တစ်ယောက်အသက်ပေးခဲ့ရလို့ ပြည်သူတွေဟာ စိတ်မကောင်းဖြစ်ဝမ်းနည်းနေကြပါတယ်။ အမှန်တရားဘက်နေ ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေတဲ့ ငွေဇင်လှိုင်းကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း တတ်နိုင်သလောက်ပါဝင်လျက်ရှိနေခဲ့ပါတယ်။ ငွေဇင်လှိုင်းကတော့ ဆုံးပါးသွားတဲ့ သူရဲကောင်းတွေအတွက်လည်း အလှူငွေတွေတတ်နိုင်သလောက် လှူဒါန်းပေးလေ့ရှိပါတယ်။

Photo Credit: ngwezin hline ' s facebook Acc

ငွေဇင်လှိုင်းတို့မိသားစုကတော့ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်း၁၆ယောက်အတွက် ကြိုးကြိုးစားစားရှာဖွေထားတဲ့ ပိုက်ဆံသိန်း၂၀ကျော်ကိုပေးအပ်လှူဒါန်းခဲ့ပါတယ်။ ငွေဇင်လှိုင်းကတော့ " ဒီနေ့အတွက်တော့ တတ်နိုင်သလောက်ဆက်သွယ်ပြီး ငွေဇင်တို့မိသားစုအနေနဲ့ ကိုဇင်ကိုကိုဇော် မြင်းခြံ မှကျန်ရစ်သူမိသားစုအတွက် ၃ သိန်းကျပ် ကိုဖေသန်း (ခ) ကိုနောင်ငို ပုဂေါစွန်းရွာမှ ကျန်ရစ်သူမိသားစုအတွက် ၃ သိန်းကျပ် ဦးဇွဲထက်စိုး မြောက်ဥက္ကလာပ ကျန်ရစ်သူမိသားစုအတွက် ၃ သိန်းကျပ် ကိုဖိုးချစ် မြောက်ဥက္ကလာပ ကျန်ရစ်သူမိသားစုအတွက် ၃ သိန်းကျပ် ကိုဇော်သိန်းအောင် မုံရွာမှ ကျန်ရစ်သူမိသားစုအတွက် ၃ သိန်းကျပ် တို့နဲ့ အတူ မန္တလေးမြို့မှ ကုလားလေးအတွက် ၁ သိန်းကျပ် မန္တလေးမြို့မှ ကိုမျိုးနိုင်လင်းအတွက် ၁ သိန်းကျပ် "ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Photo Credit: ngwezin hline ' s facebook Acc
Photo Credit: ngwezin hline ' s facebook Acc
Photo Credit: ngwezin hline ' s facebook Acc
Photo Credit: ngwezin hline ' s facebook Acc
Photo Credit: ngwezin hline ' s facebook Acc
Photo Credit: ngwezin hline ' s facebook Acc

ငွေဇင်လှိုင်းကတော့ " ကိုမိုးအောင် မုံရွာမြို့ ၅၀၀၀၀ ကျပ် ကိုကေဇဝင်း မုံရွာမြို့ ၅၀၀၀၀ ကျပ်ကိုဝေယံ (ခ) ကိုကံချွန် မုံရွာမြို့ ၅၀၀၀၀ ကျပ်မကျော့နန္ဒာအောင် မုံရွာမြို့ ၅၀၀၀၀ ကျပ်ကိုမင်းခန့်ကျော် (ခ) ဖိုးသဲ မုံရွာမြို့ ၅၀၀၀၀ ကျပ်ဒေါ်မြင့်မြင့်ခင် မုံရွာမြို့ ၅၀၀၀၀ ကျပ်ကိုသန်းဝင်း ထားဝယ် ၅၀၀၀၀ ကျပ်ကိုလွင်လွင်ဦး ထားဝယ် ၅၀၀၀၀ ကျပ်ကိုဗညားအောင် ထားဝယ် ၅၀၀၀၀ ကျပ် တို့ကို လှူဒါန်းထားပါတယ် လက်နက်အားကိုး၍ ပြည်သူများအပေါ် သတ်ဖြတ်နေမှုများ အမြန် အဆုံးသတ်ရပါလို​၏စစ်အာဏာရှင်စနစ် ကျရှုံးပါစေ "ဆိုပြီး  ရေးသားထားခဲ့ပါတယ်။ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေအားလုံး ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source : ngwezin hline ' s facebook Acc

Photo Credit: ngwezin hline ' s facebook Acc
Photo Credit: ngwezin hline ' s facebook Acc
Photo Credit: ngwezin hline ' s facebook Acc
Photo Credit: ngwezin hline ' s facebook Acc
Photo Credit: ngwezin hline ' s facebook Acc
Photo Credit: ngwezin hline ' s facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T