လူထုလှုပ်ရှားမှုအတွင်းမှာ ရှေ့ကနေရဲရဲဝံ့ဝံ့နဲ့ပါ၀င်နေကြတဲ့သူတွေအတွက် safety gogglesတွေထပ်မံလှူဒါန်းပေးခဲ့တဲ့ အိမ့်ချစ်

//s9.kh1.co/5f/5fca31db07aecffc18dfcd59e43ce743a0f173b5.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံတကာရဲ့စိတ်၀င်စားမှုကိုလည်းခံနေရတဲ့မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် တစ်လကျော်ခန့်အချိန်ကြာမြင့်နေခဲ့ပြီပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့တည်းကစတင်ကာ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်လာတဲ့ မတည်ငြိမ်တဲ့အခြေအနေတွေကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်နေကြသလို အနုပညာရှင်တွေကလည်း ပြည်သူတစ်‌ရပ်အနေနဲ့ ပါ၀င်အားဖြည့်နေကြတာကို တွေ့ရပါတယ်။

Photo credit-Eint Chit's Facebook acc
Photo credit-Eint Chit's Facebook acc
Photo credit-Eint Chit's Facebook acc
Photo credit-Eint Chit's Facebook acc

လူထုလှုပ်ရှားမှုတွေအရှိန်အဟုန်မြင့်လာတာနဲ့အမျှ အခက်အခဲအတားအဆီးတွေများစွာလည်းတွေ့ကြုံနေကြရတာဖြစ်ပြီး ဖြိုခွင်းမှုတွေကြောင့် အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေလည်းအများအပြားရှိလာနေတာဖြစ်ပါတယ်နော်။ အခုလိုအခက်အခဲတွေများစွာထဲကနေပါ၀င်လှုပ်ရှားနေကြတဲ့သူတွေအတွက် အိမ့်ချစ်က တတ်နိုင်တဲ့ဘက်ကနေပါ၀င်လှုဒါန်းမှုတွေကိုပြုလုပ်နေတာဖြစ်ပါတယ်။

Photo credit-Eint Chit's Facebook acc
Photo credit-Eint Chit's Facebook acc
Photo credit-Eint Chit's Facebook acc
Photo credit-Eint Chit's Facebook acc

မကြာသေးမီက အိမ့်ချစ်ကသူမရဲ့ Facebookစာမျက်နှာမှာ "For our heroes on the streets ?‍♀️ အန္တရာယ်ကို မျက်ရည်ယိုဗုံးမီးခိုးငွေ့တွေကြားကသေချာမြင်ရဖို့အတွက် safety gogglesကမရှိမဖြစ်ပါမြို့နယ်အလိုက် လက်လှမ်းမှီသလောက်ဒီနေ့စဝေပေးနေပါပြီ မြို့နယ်အစုံရောက်အောင်တော့အဖွဲ့တွေနဲ့ချိတ်ပြီးကြိုးစားပို့ပေးနေပါတယ်....." ဆိုပြီးရေးသားကာတင်ပေးထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Eint Chit's Facebook acc
Photo credit-Eint Chit's Facebook acc
Photo credit-Eint Chit's Facebook acc
Photo credit-Eint Chit's Facebook acc

သတင်း အရင်းအမြစ်Eint Chit's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T