လူထုလှုပ်ရှားမှုများတွင်နေ့စဉ်တက်ကြွစွာပါဝင်နေပြီးညပိုင်းမှာလည်းမပျက်မကွက်သံဗုံးတီးနေတဲ့ စည်သူဝင်းရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/13/139b93a90b7d066409ddbb93f8d793eb5a91465f.jpeg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသား  စည်သူဝင်းကတော့  ရုပ်သံဇာတ်လမ်းတွဲများတွင်  ပါဝင်သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့  တစ်ခဲနက် အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားတာလည်း  ဖြစ်ပါတယ်။  လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာလည်း  ပြည်သူတွေနဲ့အတူ  တက်ကြွစွာ  ပူးပေါင်းပါဝင်နေသူတစ်ယောက်လည်း  ဖြစ်ပါတယ်။  တစ်ရက်မျှနားရက်မရှိဘဲ   လိုချင်တဲ့  ပန်းတိုင်ကို  အမြန်ဆုံးရောက်ရှိအောင်  အားကြိုးမာန်တက်  ကြိုးစားဆောင်ရွက်နေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Sithu Win’s Facebook Account 
Photo Crd-Sithu Win’s Facebook Account 
Photo Crd-Sithu Win’s Facebook Account 
Photo Crd-Sithu Win’s Facebook Account 

စည်သူဝင်းရဲ့  လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း  သတင်းအချက်အလက်များနဲ့  သူ့ရဲ့လှုပ်ရှားမှုတွေများကို  နေ့စဉ်ဝေမျှတင်ဆက်ပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  စည်သူဝင်းရဲ့ Facebook Story မှာ ဗီဒီယိုဖိုင်တစ်ခု  တင်ပေးထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  လူထုလှုပ်ရှားမှုများတွင်နေ့စဉ်တက်ကြွစွာပါဝင်နေပြီးညပိုင်းမှာလည်းမပျက်မကွက်သံဗုံးတီးနေတဲ့ စည်သူဝင်းရဲ့ဗီဒီယိုဖိုင်လေးပဲ  ဖြစ်ပါတယ်။

Photo Crd-Sithu Win’s Facebook Account 
Photo Crd-Sithu Win’s Facebook Account 
Photo Crd-Sithu Win’s Facebook Account 
Photo Crd-Sithu Win’s Facebook Account 
Photo Crd-Sithu Win’s Facebook Account 
Photo Crd-Sithu Win’s Facebook Account 

သူကလည်း " အားမလျော့နဲ့  ဆက်ကြိုးစားကြမယ် " ဆိုပြီး  အားပေးစကားလေးလည်း  ရေးသားထားတာပဲ  ဖြစ်ပါတယ်။  လက်ရှိအခြေအနေတွေ  ပြင်းထန်နေပေမယ့်လည်း  စည်သူဝင်းကတော့  အသက်ပေးရမှာကြောက်ပေမယ့်  အရင်လိုပုံစံမျိုးပြန်ရောက်သွားမှာ စိုးတဲ့အတွက်  အခုလို  ပါဝင်ဆောင်ရွက်နေတာလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေလည်း  ကြည့်ရှုခံစားနိုင်အောင်  စည်သူဝင်းရဲ့ ဗီဒီယိုဖိုင်ကိုပါ  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Sithu Win’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T