သူရဲ့ကျန်းမာရေးကိုတောင် သေချာဂရုမစိုက်နိုင်ဘဲ Gen Z လေးတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး အမြဲတမ်း တစ်သားတည်းရပ်တည်နေတဲ့ဇင်ဝိုင်း

//s9.kh1.co/2a/2a1af668dca0eb2abcafa6e5708e5883ea928c8c.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သူရဲ့ကျန်းမာရေးကိုတောင် သေချာဂရုမစိုက်နိုင်ဘဲ Gen Z လေးတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး အမြဲတမ်း တစ်သားတည်းရပ်တည်နေတဲ့ဇင်ဝိုင်း

ဝါရင့်သရုပ်ဆောင် မင်းသားကြီး ဦးဇင်ဝိုင်းကတော့ တစ်နိုင်ငံလုံးမှာ ဆန္ဒထုတ်ဖော်ပွဲတွေစတင်တဲ့အချိန်ကစလို့ ယနေ့အချိန်အထိတိုင်အောင် ရဲရဲဝင့်ဝင့် အရှေ့ထွက်ခဲ့တဲ့သူတစ်ဦး ဖြစ်ပါတယ် ။ ဦးဇင်ဝိုင်းက အနုပညာလောကသားတွေကို ရှေ့ဆုံးကနေဦးဆောင်ပြီး ရန်ကုန်မြို့အနှံ့သွားရင်း လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ သားဖြစ်တဲ့ မင်းမော်ကွန်းက အိမ်မှာနေဖို့တားတာတောင် ဦးဇင်ဝိုင်းက တစ်ရက်မှမနားဘဲ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -The Khit Nay's FB Acc
Photo Credit -The Khit Nay's FB Acc
Photo Credit -The Khit Nay's FB Acc
Photo Credit -The Khit Nay's FB Acc
Photo Credit -The Khit Nay's FB Acc
Photo Credit -The Khit Nay's FB Acc

ဒါ့အပြင် အတွေ့အကြုံရှိတဲ့ ဦးဇင်ဝိုင်းက မျိုးဆက်သစ်လူငယ်လေးတွေကို ဒုက္ခမရောက်ရအောင် သိသင့်သိထိုက်တာတွေ ပြောပြပြီး လမ်းပြပေးနေတာ ဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း နိုင်ငံအပေါ် တာဝန်ကျေပွန်လွန်းတဲ့ ဦးဇင်ဝိုင်းရဲ့လုပ်ရပ်တွေကိုကြည့်ပြီး ချီးကျူးနေရတာ ဖြစ်ပါတယ် ။ အခုလည်း ဦးဇင်ဝိုင်းက သူ့ရဲ့ကျန်းမာရေးကိုတောင် သေချာဂရုမစိုက်နိုင်ဘဲ အန္တရာယ်တွေကြားကနေ အပြင်ကိုထွက်လာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -The Khit Nay's FB Acc
Photo Credit -The Khit Nay's FB Acc
Photo Credit -The Khit Nay's FB Acc
Photo Credit -The Khit Nay's FB Acc
Photo Credit -The Khit Nay's FB Acc
Photo Credit -The Khit Nay's FB Acc

တက်တက်ကြွကြွရှိလွန်းတဲ့ ဦးဇင်ဝိုင်းရဲ့လှုပ်ရှားမှုတွေကို ဒါရိုက်တာ သည်ခေတ်နေကလည်း "၁၀:၃၀ နွေဦးလမ်းမပေါ်မှာ GZတွေနဲ့ အမြဲတစ်သားတည်းရှိရှိနေတတ်တဲ့ ဦးဌေးနဲ့...နွေဦးတော်လှန်ရေး " ဆိုပြီး မျှဝေပေးထားတာ ဖြစ်ပါတယ်။ ဦးဇင်ဝိုင်းကတော့ လမ်းပေါ်ကိုထွက်လာပြီး လူငယ်တွေနဲ့အတူရှိနေကာ စိတ်ခွန်အားအပြည့်ပေးနေတာပဲ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုမှာ အားအင်အပြည့်နဲ့ပါဝင်နေတဲ့ ဦးဇင်ဝိုင်းရဲ့ပုံရိပ်တွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit -The Khit Nay's FB Acc

Photo Credit -The Khit Nay's FB Acc
Photo Credit -The Khit Nay's FB Acc
Photo Credit -The Khit Nay's FB Acc
Photo Credit -The Khit Nay's FB Acc
Photo Credit -The Khit Nay's FB Acc
Photo Credit -The Khit Nay's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T