အကယ်ဒမီရမင်းသားတစ်လက်ဖြစ်တဲ့ နေတိုးကတော့ အနုပညာနယ်ပယ်ထဲမှာ လျှောက်လှမ်းခဲ့တာ ဆယ်စုနှစ်မကရှိနေပြီဖြစ်ပါတယ်။နေတိုးက လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင်တော့ ဘေးထွက်မနေဘဲ ပြည်သူတွေနဲ့အတူ တစ်တပ်တစ်အား ပါဝင်ကြိုးစားနေတာပဲဖြစ်ပါတယ်။နေတိုးက ညီအစ်ကိုတွေလိုမျိုးခင်မင်ရင်းနှီးရတဲ့ မင်းမော်ကွန်း၊ကျော်ကျော်ဗိုလ်၊ရဲလေး၊ထွန်းထွန်း၊ကိုပေါက် စတဲ့အနုပညာရှင်တွေနဲ့အတူ နေ့တိုင်း လမ်းပေါ်ထွက်ပြီး တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။
နေတိုးကတော့ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပြီး အားမာန်အပြည့်နဲ့ ဆက်လက်ချီတက်နေဆဲဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင်တော့ ပြည်သူလူထုလည်း နေ့တိုင်းလမ်းပေါ်ထွက်ပြီး ကိုယ်ယုံကြည်ရာတစ်ခုအတွက်ရင်ဆိုင်နေကြတာဖြစ်ပါတယ်။နာမည်ကြီးအနုပညာရှင်တွေကပါ ပြည်သူတွေနဲ့တစ်စိတ်တစ်ဝမ်းတည်း ရှိတာကြောင့် လူထုလှုပ်ရှားမှုတွေက ယနေ့ထိတိုင် အားကောင်းနေဆဲဖြစ်ပါတယ်။နေတိုးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း ပြည်သူတွေအားဖြစ်စေမယ့်အကြောင်းအရာလေးတွေကို ရေးသားနေကျဖြစ်ပါတယ်။
နေတိုးကတော့”တစ်လှေတည်းစီး၊တစ်ခရီးတည်းအတူတူသွားနေကြတဲ့သူတွေမို့ ကိုစွမ်းနိုင်သလောက်ပါဝင်ကူညီလှော်ခတ်ကြရမှာပါ လှေရဲ့ဘယ်လိုနေရာအစိတ်အပိုင်းမှာပဲအပေါက်ဖြစ်သွားဖြစ်သွားငါ့အနားမှာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးဆိုပြီးနေလို့မရပါဘူးအားလုံးဝိုင်းဝန်းကူညီကြရမှာပါ လှေနစ်သွားရင်တစ်လှေလုံးနစ်မှာဆိုတာမမေ့ဖို့လိုပါတယ်။ကိုယ်အစွမ်းရှိသလောက်အားတွေနဲ့ရှုထောင့်မျိုးစုံ ကိုယ်ရောက်နေတဲ့နေရာမျိုးစုံကနေ အောင်မြင်မှုဆီအတူတူလှော်ခတ်ကြရမှာပါ...အမုန်းတရားတွေကင်းပြီး ချစ်ခြင်း မေတ္တာတရားတွေနဲ့အတူ အောင်မြင်မှုဆီကိုယုံကြည်စွာလှော်ခတ်ကြရင်း..အားလုံးအန္တရာယ်ကင်းကြပါစေ....”ဆိုပြီး မျှဝေလာတာဖြစ်ပါတယ်။
Source&Photo Credit:Nay Toe 2021Officially’s FB Page