လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း တွေ့ကြုံခဲ့ရတဲ့အချို့အကြောင်းအရာတွေကို ဝေမျှပြောပြလာတဲ့ G-Fatt

//s9.kh1.co/ec/ec6f4d58a3333234ed22c8a69ac9ffd91bb9abbd.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဂီတလမ်းကြောင်းမှာ လူငယ်အကြိုက်သီချင်းကောင်းလေးတွေများစွာဖန်တီးသီဆိုမှုတွေကြောင့် အချိန်တိုအတွင်းပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားကာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေသူကတော့ အဆိုတော် G-Fatt ပါပဲ..။

G-Fatt ကတော့ လက်ရှိအခြေအနေတွေမှာလည်း လူထုလှုပ်ရှားမှုတွေပြုလုပ်ကာ ပြည်သူတွေနဲ့အတူအားကြိုးမာန်တတ်ပါဝင်နေပြီး နေ့ရက်တိုင်းလိုလိုမှာလှုပ်ရှားမှုတွေနဲ့အလှူလေးတွေလည်း အပင်ပန်းခံလုပ်ဆောင်နေတာလည်း တွေ့မြင်ရပါတယ်..။

Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc

G-Fatt ကတော့ အနာဂတ်ယုံကြည်မှုတွေအတွက် အကောင်းဆုံးကြိုးစားနေသလို လူထုလှုပ်ရှားမှုတွေပြုလုပ်ကာတော်လှန်ရေးတိုက်ပွဲကြီးမှာ ပါဝင်ရင်း တွေ့ကြုံခဲ့ရတဲ့အမှတ်တရတချို့အကြောင်းအရာတွေကိုလည်း ဝေမျှပြောပြလာပါတယ်နော်..။

မျိုးဆက်သစ်လူငယ်တွေအပြင် ပြည်သူတွေများစွာနဲ့အတူ တိုက်ပွဲဝင်ရင်း ပေါင်းသင့်တဲ့မိတ်ဆွေ၊ မပေါင်းသင့်တဲ့မိတ်ဆွေတွေအပြင် သေတဲ့အထိခင်မင်ပေါင်းသင့်ရမယ့် သူငယ်ချင်းမိတ်ဆွေတွေကို ရရှိလိုက်တဲ့ အမှတ်တရလေးတွေကို ပြောပြထားတာပါ..။

Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc

"တော်လှန်ရေးမှာ ဆက်မခင်မင်သင့်တော့တဲ့ သူငယ်ချင်းတွေ ရလိုက်တယ်

တော်လှန်ရေးမှာ ..ဆက်လက်ခင်မင်သင့်တဲ့သူငယ်ချင်းတွေလဲ ရလိုက်တယ်

တော်လှန်ရေးမှာ အခုမှစပြီး သေတဲ့အထိ ခင်မင်ရမယ့် သူငယ်ချင်းတွေလည်း တိုးလာတယ် ။.." ဆိုပြီး G-Fatt က ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

တော်လှန်ရေးမှာ ကွဲကွဲပြားပြားသိလိုက်ရတဲ့ လူ့သဘာဝအကြောင်းလေးကိုလည်း ပြောပြထားတာလေးတွေကို ပြန်လည်ဝေမျှရင်း လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်တာမို့ ပရိသတ်တွေလည်း အားပေးစကားလေးတွေပြောသွားကြပါဦးနော်..။

Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc

သတင်း အရင်းအမြစ်G-Fatt's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T