ဒီမိုကရေစီ သူရဲကောင်းတစ်ဦးချင်းစီအတွက် အမေ့ရဲ့အားပေးစကားသံတွေ ရှိစေချင်ပြီဆိုတဲ့ ခံစားချက်တွေရေးဖွဲ့ထားတဲ့ ဒေါင်းရဲ့ ရင်တွင်းစကားသံ

//s9.kh1.co/cf/cf4da829d94505addd9940b04f08f8d8fc0bb3b4.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

တရားမျှတတဲ့ ဒီမီုကရေစီကိုပြန်လည်ရရှိအောင် နည်းလမ်းအမျိုးမျိုးနဲ့ ပါဝင်ဆောင်ရွက်နေကြတဲ့ ပြည်သူတွေထဲမှာ သရုပ်ဆောင်ဒေါင်းတစ်ယောက်လည်း အပါအဝင်ပဲဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်အိမ်မက်တွေ မပျောက်အောင် တစ်ထောင့်တစ်နေရာကနေ တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ ပူပေါင်းပါဝင်ပေးတဲ့ ဒေါင်းကိုတော့ ပြည်သူ့ပရိသတ်တွေက လေးစားဂုဏ်ပြုပေးခဲ့ကြပါတယ်။ အနုပညာရှင်ဆိုပေမဲ့ လတ်တလော လူထုလှုပ်ရှားမှုတွေမှာ နေ့စဥ်ဆိုသလို အားကြိုးမာန်တက်ဖြင့် ပါဝင်ခဲ့တာ တွေ့ရပါတယ်။

Photo Credit - Daung ဒေါင်း fb page
Photo Credit - Daung ဒေါင်း fb page
Photo Credit - Daung ဒေါင်း fb page
Photo Credit - Daung ဒေါင်း fb page

ဒါ့အပြင် ထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်များနဲ့ တရားမျှတတဲ့ဒီမီုကရေစီကို အမြန်ဆုံးပြန်လည်ရရှိအောင် ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများကို လူထုလှုပ်ရှားမှုတွေမှာ ပိုမိုပါဝင်ပေးကြဖို့ တောင်းဆိုထားခဲ့ပါတယ်။ ယခုမှာလည်း ဒေါင်းက ပြည်သူတွေ ရွေးကောက်တင်မြောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။ " အာဏာရူးများရဲ့မတရားဖမ်းဆီးခြင်းကိုခံထားရတာ(၃၄)ရက်မြောက်နေ့......

Photo Credit - Daung ဒေါင်း fb page
Photo Credit - Daung ဒေါင်း fb page
Photo Credit - Daung ဒေါင်း fb page
Photo Credit - Daung ဒေါင်း fb page

“အမေ ကျွန်တော်တို့ပြည်သူတွေ အာဏာရူးတွေကို တော်လှန်နေခဲ့တာ တစ်လကျော်ခဲ့ပြီ အမှန်တရားကိုပြန်ယူဖို့အသက်သွေးတွေနဲ့ ရင်းခဲ့ကြတဲ့ ဒီမိုကရေစီသူရဲကောင်းတွေအတွက် ကျွန်တော်တို့ပြည်သူတွေနှလုံးသားဟာထပ်တူညီခဲ့ကြပါတယ်။ကျွန်တော်တို့တိုင်းရင်းသားပြည်သူအားလုံး ဘယ်တော့မှသွေးမကွဲတော့ဘူး အမေ။အမေ့နှလုံးသားဟာလဲ ကျွန်တော်တို့နဲ့ထပ်တူပဲရှိနေမှာပါ။ဒီမိုကရေစီ သူရဲကောင်းတစ်ဦးချင်းစီအတွက် အမေ့ရဲ့အားပေးစကားသံတွေ ရှိစေချင်ပြီအမေ။အမြန်ဆုံးပြန်လွတ်မြောက်ပါစေ ကျန်းမာပါစေအမေ.. ..." ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ ဒေါင်းရဲ့ ရေးသားထားတာနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ရင်တွင်းခံစားချက်တွေကိုလည်း ပြောပြပေးခဲ့ပါဦး။

Photo Credit - Daung ဒေါင်း fb page
Photo Credit - Daung ဒေါင်း fb page

သတင်း အရင်းအမြစ်Source - Daung ဒေါင်း fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T