ခေါင်းကိုထိပြီးကျဆုံးသွားတဲ့ မန္တလေးက မဒေစီအတွက် အလှူငွေတွေကို ကျန်ရစ်ခဲ့တဲ့သူမရဲ့သားလေးကို ပေးအပ်ခဲ့တဲ့ချယ်ရီသင်း

//s9.kh1.co/29/2991a3f18977b3d81f437697cc7ed004ee60aff0.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ခေါင်းကိုထိပြီးကျဆုံးသွားတဲ့ မန္တလေးက မဒေစီအတွက် အလှူငွေတွေကို ကျန်ရစ်ခဲ့တဲ့သူမရဲ့သားလေးကို ပေးအပ်ခဲ့တဲ့ချယ်ရီသင်း

အဆိုတော် ချယ်ရီသင်းကတော့ လတ်တလောမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် အလှူငွေတွေကောက်ခံပြီး တတ်နိုင်သလောက် သွားရောက်လှူဒါန်းပေးနေတာ ဖြစ်ပါတယ် ။ ချယ်ရီသင်းက ကိုယ်တိုင်သွားလှူဖို့ အဆင်မပြေတဲ့ ပြည်တွင်းပြည်ပက အလှူရှင်တွေကိုယ်စား သူမကတာဝန်ယူပြီး စေတနာအပြည့်နဲ့ ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ် ။ ချယ်ရီသင်းက လှည်းတန်းမှာကျဆုံးခဲ့တဲ့ သူရဲကောင်း ညီညီရဲ့မိသားစုကို စတင်ပြီး ကူညီခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Cherry Thin's FB Page
Photo Credit-Cherry Thin's FB Page
Photo Credit-Cherry Thin's FB Page
Photo Credit-Cherry Thin's FB Page

အခုဆိုရင် အလှူရှင်တွေရဲ့စေတနာကြောင့် အသက်ပေးခဲ့ရတဲ့ ပြည်သူတွေရဲ့ကျန်ရစ်သူမိသားစုတွေကို တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ပေးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် ။ ချယ်ရီသင်းက သူမကိုယ်တိုင်သွားရောက်လှူဒါန်းသလို နယ်ကပြည်သူတွေဆိုရင်လည်း သူတို့လက်ထဲအထိ အလှူငွေရောက်ရှိအောင် စီစဥ်ပေးတတ်တာ ဖြစ်ပါတယ် ။ အခုလည်း ချယ်ရီသင်းက အလှူခံလို့ရရှိလာတဲ့ငွေထဲကနေ မိခင်ဆုံးပါးသွားပြီး တစ်ယောက်တည်းကျန်ရစ်ခဲ့တဲ့ ကလေးလေးအတွက် ငွေ (၅)သိန်းတိတိကို ပေးအပ်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

Photo Credit-Cherry Thin's FB Page
Photo Credit-Cherry Thin's FB Page
Photo Credit-Cherry Thin's FB Page
Photo Credit-Cherry Thin's FB Page

ဒီအကြောင်းကို ချယ်ရီသင်းက "မန္တလေးကခေါင်းကျည်ထိပြီးဆုံးသွားတဲ့ အစ္စလာမ်ဘာသာဝင် (မဒေစီ)အတွက် ပြည်တွင်းပြည်ပမှ စေတနာရှင်များလှူဒါန်းထားတဲ့အလှူငွေထဲမှ (၅)သိန်းကျပ်ကို မဒေစီရဲ့သားလေးဆီပို့ပေးပြီးပါပြီ အခုလက်ရှိသူ့အဒေါ်ကပဲ စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ် ကြားထဲကနေ အိမ်အရောက်ကူညီပြီးအလှူငွေပို့ပေးတဲ့ ကိုဇော်မျိုးအောင်ကိုလည်း ကျေးဇူးအထူးပါ? ကောင်းရာသုကတိလားပါစေမမရေ ?" ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ချယ်ရီသင်းနဲ့စေတနာရှင်တွေရဲ့အလှူပုံရိပ်တွေကို ပြန်လည်မျှဝေပေးရင်းနဲ့ ကျဆုံးသွားတဲ့ သူရဲကောင်းမဒေစီလည်း ကောင်းမွန်တဲ့ဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Cherry Thin's FB Page

Photo Credit-Cherry Thin's FB Page
Photo Credit-Cherry Thin's FB Page
Photo Credit-Cherry Thin's FB Page
Photo Credit-Cherry Thin's FB Page
Photo Credit-Cherry Thin's FB Page
Photo Credit-Cherry Thin's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T