လူထုလှုပ်ရှားမှုများတွင်ပါဝင်နေကြတဲ့ပြည်သူတွေအပူဒဏ်ခံနိုင်ရန်အတွက် Helmet တွေလှူဒါန်းဖို့ဝယ်ယူနေတဲ့ သဇင်ထူးမြင့်ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/cf/cf06fe9387f66c97687006c9b375d42cf0bff905.jpeg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီး  သဇင်ထူးမြင့်ကတော့  ဖခင်ဖြစ်သူ  ခင်လှိုင်ရဲ့ အနုပညာအမွေတွေကို  အပြည့်အဝဆက်ခံရရှိထားသူတစ်ဦးပဲ  ဖြစ်ပြီး  ပရိသတ်တွေရဲ့  ချစ်ခင်ဝန်းရံအားပေးမှုတွေကို  သိမ်းပိုက်ထားတာလည်း  ဖြစ်ပါတယ်။  အရေးကြုံလာတိုင်း  ပြည်သူတွေနဲ့အတူ  အမြဲပူးပေါင်းဆောင်ရွက်နေတဲ့  အနုပညာရှင်တစ်ဦးလည်း  ဖြစ်ပါတယ်။  နေ့စဉ်လူထုလှုပ်ရှားမှုတွေမှာ  ပါဝင်ဆောင်ရွက်နေရုံတင်မကဘဲ  ညပိုင်းမှာလည်း  မပျက်မကွက်  သံဗုံးတီးနေသူလည်း  ဖြစ်ပါတယ်။

Photo Crd-Thazin Htoo Myint’s Facebook Account 
Photo Crd-Thazin Htoo Myint’s Facebook Account 
Photo Crd-Thazin Htoo Myint’s Facebook Account 
Photo Crd-Thazin Htoo Myint’s Facebook Account 

သဇင်ထူးမြင့်ကတော့  နေပူထဲတွင်  သူတို့ရဲ့  ရင်ထဲက  ဆန္ဒအမှန်တရားတွေကို  ရဲဝံ့စွာ  ထုတ်ဖော်ပြသနေတဲ့ပြည်သူတွေအတွက်  အမောပြေသုံးဆောင်နိုင်ရန် စားစရာများနဲ့သောက်စရာ  အအေးတွေကိုလည်း  သူငယ်ချင်းများနဲ့  စုပေါင်းကာ  လှူဒါန်းနေတာလည်း  ဖြစ်ပါတယ်။  သူမရဲ့ လှုပ်ရှားမှုတွေကိုလည်း  အချိန်နဲ့တစ်ပြေးညီ  ဝေမျှပေးနေပြီး  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သဇင်ထူးမြင့်ရဲ့ Facebook Story မှာ  ဗီဒီယိုဖိုင်တစ်ခု  တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Thazin Htoo Myint’s Facebook Account 
Photo Crd-Thazin Htoo Myint’s Facebook Account 
Photo Crd-Thazin Htoo Myint’s Facebook Account 
Photo Crd-Thazin Htoo Myint’s Facebook Account 

ဒါကတော့  လူထုလှုပ်ရှားမှုများတွင်ပါဝင်နေကြတဲ့ပြည်သူတွေအပူဒဏ်ခံနိုင်ရန်အတွက် Helmet တွေလှူဒါန်းဖို့ဝယ်ယူနေတဲ့ သဇင်ထူးမြင့်ရဲ့ဗီဒီယိုဖိုင်လေးပဲ  ဖြစ်ပါတယ်။  သူမကလည်း " လှူဖို့အတွက်  Pro1 တွင် ဈေးဝယ်နေပြီး  မနက်စာကိုတောင်  ကားပေါ်မှာ စားနေရကြောင်း"  ကို  ပုံနှင့်တကွ ရေးသားဝေမျှထားတာဖြစ်လို့  ပရိသတ်တွေလည်း  ကြည့်ရှုနိုင်အောင်  ဒီဗီဒီယိုဖိုင်ကိုပါ  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thazin Htoo Myint’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T