တရားမျှတမှုအတွက် လမ်းပေါ်ထွက်ကာ တောင်းဆိုနေတဲ့ ပြည်သူတွေကို ထောပတ်ထမင်း ဗူး၅၀၀လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ ငွေမှုံရတီရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/f0/f01e467f5c42552a6f09ab795db475e6a109bcb3.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုံရတီရဲ့ ညီမငယ်လေး ငွေမှုံရတီကတော့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ပါနော်။ အစ်မဖြစ်သူ ရွှေမှုံနဲ့အတူ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး နေရာတစ်ခုကို ပရိသတ်အားပေးမှုနဲ့ ရရှိခဲ့တဲ့ ငွေမှုံက လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ်။

Photo credit - Ngwe Hmone Yati's FB account
Photo credit - Ngwe Hmone Yati's FB account
Photo credit - Ngwe Hmone Yati's FB account
Photo credit - Ngwe Hmone Yati's FB account

လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ နေပူထဲမှာ အပင်ပန်းခံကာ တရားမျှတမှုအတွက် တောင်းဆိုနေတဲ့ ငွေမှုံကို ပရိသတ်တွေက အရင်ကထက် ပိုချစ်မိမှာ အသေအချာပါနော်။ ငွေမှုံက သူမရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာကတစ်ဆင့် ပရိသတ်တွေထံ ဝေမျှလေ့ရှိတာဖြစ်ပြီး ဒီကနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအတွက် စားသောက်ဖွယ်ရာတွေကို ပြင်ဆင်ပေးနေခဲ့တာပါ။

Photo credit - Ngwe Hmone Yati's FB account
Photo credit - Ngwe Hmone Yati's FB account
Photo credit - Ngwe Hmone Yati's FB account
Photo credit - Ngwe Hmone Yati's FB account

ငွေမှုံရတီက သူမရဲ့ ဖေ့ဘွတ် Mydayထက်မှာ ထောပတ်ထမင်း ဗူး ၅၀၀ကို ထုတ်ပိုးပြင်ဆင်ကာ သွားရောက်ဝေငှဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ ဗီဒီယိုနဲ့ ပုံတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်နဲ့ ပုံတွေကို ချစ်ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ပရိသတ်တွေကလည်း အခုလို အခြေအနေမျိုးမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းသလို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းပေးတဲ့ ငွေမှုံရတီကို ကောမန့်မှာ အားပေးစကားတွေပြောပေးခဲ့ကြပါအုန်းနော်။ 

Photo credit - Ngwe Hmone Yati's FB account
Photo credit - Ngwe Hmone Yati's FB account
Photo credit - Ngwe Hmone Yati's FB account
Photo credit - Ngwe Hmone Yati's FB account
Photo credit - Ngwe Hmone Yati's FB account
Photo credit - Ngwe Hmone Yati's FB account

သတင်း အရင်းအမြစ်Source - Ngwe Hmone Yati's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T