နေပူထဲတွင် အားကြိုးမာန်တတ် ကြိုးစားနေကြတဲ့ ပြည်သူလူထုအတွက် လှူဒါန်းဖို့ ကိုယ်တိုင်ချက်ပြုတ် ပြင်ဆင်နေတဲ့ ရေဗက္ကာဝင်းရဲ့ဗီဒီယို

//s9.kh1.co/7f/7fc8af04b57ce8afa0d3fbf1ce60fdc9011f40f4.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.....တေးသီချင်းတွေကို ခံစားမှုသက်ဝင်မှုအပြည့်နဲ့ သီဆိုလေ့ရှိတဲ့ သူကတော့ အဆိုတော် ရေဗက္ကာဝင်း ပဲဖြစ်ပါတယ်။ရေဗက္ကာဝင်းက ဂီတလောကမှာ ရာစုနှစ်ကျော် ရပ်တည်အောင်မြင်နေတာ ဖြစ်ပြီး အခုချိန်ထိလည်း သူမကို ချစ်ခင်အားပေးနေကြတုန်း ဖြစ်ပါတယ်။လက်ရှိမှာတော့ ပြည်သူတွေရဲ့ရင်ထဲကဆန္ဒအမှန်ကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသနေတဲ့အထဲတွင် ရေဗက္ကာဝင်းကလည်း ပါဝင်လှုပ်ရှား ခဲ့ကာ ရဲရဲဝင့်ဝင့် ရပ်တည်ဝန်းရံနေတာ ဖြစ်ပါတယ်။

Photo Credit -Rebecca Win FB Account
Photo Credit -Rebecca Win FB Account
Photo Credit -Rebecca Win FB Account
Photo Credit -Rebecca Win FB Account

ပြည်သူတွေအပေါ် မေတ္တာစေတနာထားကာ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်သိတတ်စွာ အားလုံးနဲ့အတူ လက်တွဲကာ လမ်းမပေါ်ထွက်ပြီး လူထူလှုပ်ရှားမှုတွေမှာ ပါဝင်သလို တစ်ဖက်တွင်လည်း အလှူအတန်းတွေကို ကိုယ်တိုင်ချက် ပြုတ်ပြင်ဆင်ပြီး ဗိုက်ဝစေမယ့်အစား အသောက်တွေကို အခက်အခဲတွေကြားကနေ လှူဒါန်းနေတာ ပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း မိမိတတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

Photo Credit -Rebecca Win FB Account
Photo Credit -Rebecca Win FB Account
Photo Credit -Rebecca Win FB Account
Photo Credit -Rebecca Win FB Account

ဒီနေ့မှာဆိုရင်လည်း ရေဗက္ကာဝင်းက မမောနိုင်မပန်းနိုင်ပဲ နေ့တိုင်း လှုပ်ရှားနေတဲ့ ပြည်သူလူထုအတွက် အစားအသောက်မပူရအောင် စေတနာအပြည့်နဲ့ အားတတ်သရော ချက်ပြုတ်ပြင်ဆင်မှုပြုလုပ်နေတဲ့ ဗီဒီယိုလေးကို သူမရဲ့Facebook story တွင် တင်ပေးလာတာ ဖြစ်ပါတယ်။အခုလို အခြေအနေမျိုးတွင် နိုင်ငံ့အတွက် အုတ်တစ်ချက်သဲတစ်ပွင့်အနေနဲ့ ကုသိုလ်ပြု လှူဒါန်းမယ့် ရေဗက္ကာဝင်းရဲ့ ဗီဒီယိုလေးကို ချစ်ရတဲ့ ပရိ သတ်တွေ ကြည့်ရှု့ နိုင်စေဖို့အတွက် ပြန် လည်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit -Rebecca Win FB Account
Photo Credit -Rebecca Win FB Account
Photo Credit -Rebecca Win FB Account
Photo Credit -Rebecca Win FB Account

သတင်း အရင်းအမြစ်

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T