(၆.၃.၂၀၂၁) ရက်နေ့တွင် ရန်ကုန်မြို့လှည်းတန်းဗဟိုလမ်းမပေါ်ရှိ လူထုလှုပ်ရှားမှုတွင် တက်ကြွစွာပါ၀င်နေကြတဲ့လူငယ်အချို့ရဲ့ မြင်ကွင်းများ

//s9.kh1.co/2d/2d40a784282abf017026f64529d6a7fb30e6ee55.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖေဖော်ဝါရီ (၁)ရက်နေ့တည်းကစတင်ပြီးဖြစ်ပွားခဲ့တဲ့အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကြီးဟာ အရှိန်အဟုန်ကောင်းနေဆဲဖြစ်ပြီး အခုဆိုရင် ရက်ပေါင်း ၃၀ကျော်ခန့်ကြာမြင့်နေပြီဖြစ်ပါတယ်နော်.....။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

လူထုလှုပ်ရှားမှုတွေအားကောင်းလာတာနဲ့အမျှ တစ်ဖက်မှာလည်း ဖြိုခွင်းမှုတွေကိုဆက်တိုက်ဆိုသလို မြို့နယ်အနှံ့အပြားမှာပြင်းပြင်းထန်ထန်လုပ်ဆောင်လာကြတာကိုတွေ့မြင်ရပါတယ်။ ဖြိုခွင်းမှုတွေဆက်တိုက်လုပ်နေကြပေမယ့်လည်း ပြည်သူလူထုဟာအားလျော့သွားခြင်းမရှိပဲ တက်ညီလက်ညီနဲ့ လူထုလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေကြဆဲပဲဖြစ်ပါတယ်။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

ဒီနေ့ (၆.၃.၂၀၂၁)ရက်နေ့မှာဆိုရင်လည်း ပြည်သူလုထုဟာ လူထုလှုပ်ရှားမှုတွေကိုကြိုးစားလုပ်ဆောင်နေကြတာဖြစ်ပြီး ရန်ကုန်မြို့ရှိမြို့နယ်တိုင်းလိုလိုမှာလည်းတက်ကြွစွာလှုပ်ရှားနေကြတာကိုတွေ့ရပါတယ်နော်။ အခုဆိုရင် ရန်ကုန်မြို့လှည်းတန်းဗဟိုလမ်းမပေါ်ရှိ လူထုလှုပ်ရှားမှုမှာတက်ကြွစွာပါ၀င်နေကြတဲ့ လူငယ်အချို့ရဲ့ မြင်ကွင်းပုံရိပ်တွေကိုလည်း ပရိသတ်ကြီးအတွက် Myanmarload mediaကနေဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T