လမ်းပေါ်ထွက်လှုပ်ရှားမှုတွေလုပ်နေတဲ့အပြင် အခက်အခဲတွေကြားထဲကပြေးလွှားရင်း အလှူလေးတွေလည်းပြုလုပ်နေတဲ့နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/d8/d8663308bf88f6cc2ef4f1acbb344881a80318a7.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

နှိုင်းယှဉ်လို့အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ဇာတ်ပို့သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကတော့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး အနုပညာလမ်းကြောင်းမှာ ပရိသတ်အခိုင်အမာနဲ့အောင်မြင်နေသူပဲ ဖြစ်ပါတယ်..။

နှိုင်းယဉ်ကတော့ ပြည်သူတွေနဲအတူ လူထုလှုပ်ရှားမှုတွေမှာ အားကြိုးမာန်တတ်ပါဝင်နေပြီး တတ်နိုင်တဲ့ဘက်ကနေလည်း အလှူလေးတွေကိုယ်တိုင်ပြုလုပ်နေတာလည်း မကြာခဏဆိုသလို မြင်တွေ့ရတာလည်း ဖြစ်ပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

နေ့တိုင်းလိုလို တော်လှန်ရေးအတွက် လူထုလှုပ်ရှားမှုတွေမှာပါဝင်နေသလို နှိုင်းယှဉ်တို့ဇနီးမောင်နှံဟာ ဒီကနေ့လေးမှာလည်း အခက်အခဲတွေကြားထဲက ပြေးလွှားရင်းနဲ့ပဲ သူရဲကောင်းပြည်သူတွေအတွက် အလှူလေးတွေပြုလုပ်နေပါတယ်နော်..။

ပြည်သူတွေနဲ့တသားတည်းရပ်တည်ကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေနဲ့ လှူဒါန်းမှုတွေပြုလုပ်နေတဲ့အပြင် ကီးဘုတ်ဖိုက်တာအဖြစ်လည်း အဖက်ဖက်ကနေပါဝင်နေပြီး အလှူပုံရိပ်လေးတွေကိုလည်း နှိုင်းယှဉ်က ပရိသတ်တွေကို ဝေမျှထားတာလည်း တွေ့ရပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

"ဓမ္မဘက်ကရပ်တည်တဲ့သူတွေနဲ့တသားထဲမို့

1.2.2021ထဲက တိုက်ပွဲဝင်ရင်း အလှူတွေလုပ်ရင်း

Keyboard ဖိုက်တာ လုပ်ရင်း ပြေးရင်းလွှားရင်း နဲ့ပါပဲ?.." ဆိုပြီး လှုပ်ရှားမှုလေးတွေကို ဝေမျှထားတာပါ..။

အခုလို ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ကာ တိုက်ပွဲဝင်ရင်း ပလှူတွေလည်းပြုလုပ်နေကြတဲ့ နှိုင်းယှဉ်တို့မိသားစုလေးနဲ့အတူ အခြားသောအနုပညာရှင်တွေကိုလည်း ပရိသတ်တွေက အရင်ကထက်ပိုမိုအားပေးချစ်ခင်နေကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

သတင်း အရင်းအမြစ်Nhying Shin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T