လူထုလှုပ်ရှားမှုမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေအတွက် အနုပညာရှင်မောင်နှမတွေနဲ့ စုပေါင်းကာ အလှူငွေပေးအပ်ခဲ့တဲ့ ခင်ဝင့်ဝါ

//s9.kh1.co/44/4403708355ddf32870dca28300678a7367088875.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြည်သူတွေနဲ့အတူ ရပ်တည်ဝန်းရံခဲ့တဲ့ အနုပညာရှင်တစ်​ယောက်ပါ။ သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာလည်း စိတ်အားတက်ကြွစရာစာသားတွေနဲ့အတူ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပုံတွေကို တင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ ရပ်တည်ရုံသာမကပဲ လူထုလှုပ်ရှားမှုမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်လည်း ငွေကြေးအင်အားနဲ့ အလှူပြုလေ့ရှိတာဖြစ်ပါတယ်။

Photo Credit - Khin Wint Wah's FB account
Photo Credit - Khin Wint Wah's FB account
Photo Credit - Khin Wint Wah's FB account
Photo Credit - Khin Wint Wah's FB account

ယနေ့မှာလည်း ခင်ဝင့်ဝါက " ၆/၃/၂၀၂၁ ကျွန်မတို့ သူငယ်ချင်းမိတ်ဆွေများနဲ့ စေတနာရှင်ပြည်သူများ၊ ပရိသတ်များ ရဲ့ စုပေါင်း လှူဒါန်းငွေများထဲမှ တောင်တွင်းကြီး မြို့နယ် ဆတ်သွားအမှတ်(၅) ရပ်ကွက်က ကျဆုံးသွားတဲ့ အာဇာနည် မောင်လေး နောင်နောင် (ခ) မောင်သီဟဇော် ကို ဆက်သွယ် ပေးအပ်ခဲ့ပါတယ် ဒီနေ့မှာလည်း အရိုးခွဲစိတ်ကုသဆောင် မှ ( ၆ )ဦး နှင့် ခွဲစိတ်ကုသဆောင်မှ ( ၆ )ဦးကျည်ထိလူနာ စုစုပေါင်း (၁၂) ဦး အတွက်လည်း ဆေးကုသရန် သွားရောက်ပေးအပ်ခဲ့ပါတယ် ရှင် နောက်ရက်တွေမှာလည်း ရန်ကုန် နဲ့ နယ်အသီးသီးရှိ မလှူရသေးသောသူများထံ ဆက်သွယ်လှူဒါန်းသွားမှာ ဖြစ်ပါတယ် ။

Photo Credit - Khin Wint Wah's FB account
Photo Credit - Khin Wint Wah's FB account
Photo Credit - Khin Wint Wah's FB account
Photo Credit - Khin Wint Wah's FB account

သွားရေး လာရေး အခက်အခဲ နဲ့ ဆက်သွယ်ရေးအခက်အခဲများကြောင့် အနည်းငယ်ကြန့်ကြာနေရခြင်းကိုလည်း နားလည်ခွင့်လွှတ်ပေးပါ ရှင့် တတ်အားသရွေ့ ပါဝင်လှူဒါန်းလိုသူများလည်း ဆက်သွယ်နိုင်ပါတယ် ပါဝင်လှူဒါန်းကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင် " ဆိုပြီး အလှူပြုခဲ့တဲ့ စာသားလေးနဲ့ ပုံတွေကို တင်ပေးလာခဲ့ပါတယ်။ အခုလို လှူဒါန်းမှုတွေမှာလည်း တက်တက်ကြွကြွနဲ့ တတိုက်တအားပါဝင်ခဲ့တဲ့ ခင်ဝင့်ဝါကို ပရိသတ်တွေက ကောမန့်မှာ အားပေးစကားတွေပြောပေးခဲ့ကြပါအုံးနော်။ 

Photo Credit - Khin Wint Wah's FB account
Photo Credit - Khin Wint Wah's FB account

သတင်း အရင်းအမြစ်Source - Khin Wint Wah's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T