ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့သူရဲကောင်းတွေအတွက် အစားအသောက်များကိုယ်တိုင်ချက်ပြုတ်ကာဝေငှခဲ့တဲ့ ပွင့်နဒီမောင်

//s9.kh1.co/92/9251e08b2c07783842b5e0047d33a5b5d731cd1e.jpeg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

......

ကမ္ဘာတစ်ဝှမ်းရဲ့ သတင်းတွေထိနေရာယူခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လှုပ်ရှားမှုကြီးဟာဆိုရင် ပြည်သူအားလုံးက ရဲရင့်ကြသလို Gen Y Gen Z တွေရဲ့ တီထွင်နိုင်မှုတွေပေါင်းစပ်ကာ ပြန်လည်တိုက်ခတ်ခဲ့တာတွေကြောင့် နိုင်ငံအသီးသီးကလေးစားချီးကျူးနေကြတာပါ။လူငယ်တွေကလည်း ဘယ်လောက်ပဲအခက်အခဲတွေရှိနေပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်လှမ်းနေခဲ့တာ ဒီနေဆိုရင် ဒီလူထုလှုပ်ရှားမှုကြီးဟာ တစ်လကျော်လာကြာခဲ့ပါပြီ။

 Photo Credit : Pwint Nadi Maung Facebook Account
 Photo Credit : Pwint Nadi Maung Facebook Account
 Photo Credit : Pwint Nadi Maung Facebook Account
 Photo Credit : Pwint Nadi Maung Facebook Account

လမ်းပေါ်ရောက်သည်နှင့်တစ်ပြိုင်နက်တည်း အားလုံးကသူတာဝန်ကိုယ်စီနဲ့အတူတူ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ရှေ့တန်းကနေဖြိုခွင်းကာကွယ်ပေးသူလည်းရှိသလို နောက်ကနေလိုအပ်သမျှတွေကို ညီညီညွတ်ညွတ်နဲ့ ကူညီဖေးမခဲ့ကြတာလည်းဖြစ်ပါတယ်။သွေးမတော်သားမစပ်ကြပေမယ့်လည်း လမ်းပေါ်ရောက်တာနဲ့ တူညီတဲ့ရည်မှန်းချက်တွေကြောင့် အားလုံးကစည်းလုံးညီညွတ်သွားကြတာတကယ်ကို ကြက်သီးထစရာမြင်ကွင်းတွေပါပဲနော်။

 Photo Credit : Pwint Nadi Maung Facebook Account
 Photo Credit : Pwint Nadi Maung Facebook Account
 Photo Credit : Pwint Nadi Maung Facebook Account
 Photo Credit : Pwint Nadi Maung Facebook Account

အနုပညာရှင်များစွာကလည်း ကိုယ်တိုင်ရှေ့တန်းကကာကွယ်ပေးကြတဲ့သူတွေရှိသလို အစားအသောက်အတွက်တာဝန်ယူကာလှူဒါန်းပေးခဲ့သူလည်းရှိနေလျက်ပါပဲ။အခုလည်း ပွင့်နဒီမောင်တစ်ယောက်ရှေ့တန်းကသူရဲကောင်းတွေအဆာပြေစားသောက်နိုင်စေရန်အတွက် အစားအစာများကိုကိုယ်တိုင်ပင်ပင်ပန်းပန်းချက်ပြုတ်ကာ လိုက်ဝေငှခဲ့ပြန်ပါတယ်။ပုံလေးတွေကြည့်ပြီးလေးစားကြည်နူးမိတာကြောင့် ပြန်လည်ဝေမျှပေးရင်း မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေဆုတောင်းပေးလိုက်ပါတယ်။

 Photo Credit : Pwint Nadi Maung Facebook Account
 Photo Credit : Pwint Nadi Maung Facebook Account
 Photo Credit : Pwint Nadi Maung Facebook Account
 Photo Credit : Pwint Nadi Maung Facebook Account

Source & Photo Credit : Pwint Nadi Maung Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T