အသက်အန္တရာယ်ကိုမမှုဘဲ နေ့တိုင်းလှုပ်ရှားနေကြတဲ့ပြည်သူတွေ အဟာရပြည့်ဖို့အတွက် စားစရာတွေကိုယ်တိုင်ပြင်ဆင်ပြီး လှူဒါန်းကြတဲ့ လွင်မိုးတို့မိသားစု

//s9.kh1.co/49/494ab6d9b087e18f0337987ac73da3d06b057d57.jpeg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

အသက်အန္တရာယ်ကိုမမှုဘဲ နေ့တိုင်းလှုပ်ရှားနေကြတဲ့ပြည်သူတွေ အဟာရပြည့်ဖို့အတွက် စားစရာတွေကိုယ်တိုင်ပြင်ဆင်ပြီး လှူဒါန်းကြတဲ့ လွင်မိုးတို့မိသားစု

အကယ်ဒမီလွင်မိုးကတော့ လက်ရှိအခြေအနေတွေမှာဆိုရင် ပြည်သူတွေဘက်မှာရှိပြီး အနုပညာမောင်နှမတွေနဲ့အတူ လမ်းမပေါ်ထွက်ကာ ရင်ဆိုင်နေတာဖြစ်ပါတယ်။ဦးလွင်မိုးက Gen X မျိုးစက်ဖြစ်ပေမယ့် အိမ်ထဲမှာမနေဘဲပြည်သူတွေကို တစ်တပ်တစ်အားပါဝင်ကူညီပေးနေတာဖြစ်ပါတယ်။လွင်မိုးရဲ့သမီးကြီးလေး ယွန်းဝတီလွင်မိုးကလည်း အခုရောက်ရှိနေတဲ့ဩစတေးလျနိုင်ငံမှာပဲ မြန်မာလူမျိုးတွေနဲ့အတူ လမ်းမပေါ်ထွက်ပြီး လှုပ်ရှားနေတာဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာ လွင်မိုးတို့မိသားစုကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေကြတာဖြစ်ပါတယ်။

Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc

ဦးလွင်မိုးကတော့ တစ်ခေတ်တစ်ခါတုန်းကအခြေအနေတွေကိုလည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဖြစ်လို့ အခုလိုအချိန်မျိုးမှာ လူငယ်တွေကို လွတ်မြောက်ဖို့နည်းလမ်းတွေ၊ကာကွယ်ရပုံတွေကို သူသိသလောက်သင်ပြပေးတာဖြစ်ပါတယ်။ဦးလွင်မိုးနဲ့ဦးဇင်ဝိုင်းတို့နှစ်ယောက်က လူငယ်တွေနဲ့အတူ နေ့တိုင်းလမ်းမပေါ်ထွက်ပြီး စိတ်ဓာတ်အားမာန်အပြည့်နဲ့ လူထုလှုပ်ရှားမှုတွေ မှာ ပါဝင်နေတာဖြစ်ပါတယ်။လွင်မိုးရဲ့ဇနီးသည်ကလည်း အိမ်ထဲမှာအလကားမနေဘဲ ပြည်သူတွေအဟာရပြည့်ဖို့အတွက် မုန့်တွေကိုယ်တိုင်လုပ်ပြီး လှူဒါန်းနေတာဖြစ်ပါတယ်။

Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc

လွင်မိုးရဲ့ဇနီးကတော့”နွေဦးတော်လှန်ရေး၊ ခွန်အားဖြည့်အလှူမှတ်တမ်း” GXတွေ အိမ်ထဲမှာနေနေရတာကို တာဝန်မကျေဘူးလို့ခံစားနေရတယ်၊ စားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်ပါပဲကလေးတို့ရေ၊ စွမ်းအားရှိသလောက် အတူပါဝင်အားဖြည့်သွားမှာပါ”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။လွင်မိုးတို့မိသားစုကတော့ ပြည်သူလူထုအတွက် လိုအပ်တဲ့နေရာကနေ တတ်အားသ၍ကူညီပေးဖို့ အဆင်သင့်ရှိနေကြတာဖြစ်ပါတယ်။ယခုလိုအချိန်မှာ ပြည်သူလူထုအချင်းချင်းကသာ ကာကွယ်စောင့်ရှောက်ကြပြီး ကိုယ့်မိသားစုဝင်လိုမျိုး ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။

Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc
Photo Credit:May Thu’s Facebook Acc

Source&Photo Credit:May Thu’s Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T