လှိုင်မြို့နယ်နေ လူငယ်များနှင့် အင်ဂျင်နီယာ လူငယ်များ ပေါင်းစည်းပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသ

//s9.kh1.co/37/375d2ed6e4b6b5d67ca3bb3d5364e4cce28a054b.jpeg
နေ့စဉ်သတင်းများ

 ၀၆-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ယနေ့လှိုင်မြို့နယ်မှာဆိုရင် ပြည်သူတွေပြုလုပ်ထားတဲ့ လမ်းအကာအကွယ်အတားအဆီးများကို ဖြိုခွင်းမှုတွေပြုလုပ်ခဲ့တာကြောင့် အများစုကတော့ လမ်းတွေထဲမှာသာ ဆန္ဒထုတ်ဖော်လာတာကုိ ‌တွေ့ရှိရပါတယ်။ လှိုင်မြို့နယ် ပြည်သူတွေရဲ့ လူထုလှုပ်ရှားမှုကို ဒီနေ့မှာတော့ တစ်ကြိမ်သာ လာရောက်ဖြိုခွင်းခြင်းရှိခဲ့တာကြောင့် အခါတိုင်းထက်ပိုပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ရရှိခဲ့ကြပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူနည်းပါးပေမယ့်လဲ အသံဗုံးဖြင့် ပစ်ခတ်မှုကြောင့် ဦးခေါင်းမှာဆောင်းထားတဲ့ ဦးထုပ် ကွဲသွားတဲ့အခြေအနေတွေတော့ ရှိခဲ့တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/5c/5c1783d24134503bbb8c8cfadda12fcca8da3378.jpeg
https://s9.kh1.co/__image/w=650,h=867,q=100/f9/f9e7936497c33b6c70c7ac900742a15b2ee56ce1.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/0d/0d044d6b10451f9fcec42806e114b9607d88461f.jpeg

"ကျွန်တော်တို့တွေအားလုံး အခါတိုင်းထက်လူပိုညီလာတယ်၊ ပြီးတော့ အကာအကွယ်တွေအတွက် လှူဒါန်းပေးတဲ့သူတွေလည်းများတာကြောင့် ဒီနေ့ပိုပြီးတော့ အကာအကွယ်တွေလုပ်ထားတာအားကောင်းလာတယ်၊ အကုန်လုံးကလည်း ပိုပြီးတက်ကြွလာကြပါတယ်၊ နေပူထဲ ဆန္ဒထုတ်ဖော်ရမှာ စိုးလို့ ရပ်ကွက်က ကျွန်တော်တို့ အတွက် အပူခံအမိုးအကာတွေပါလုပ်ပေးထားတယ်။ တစ်ယောက်တစ်မျိုးစီအားဖြည့်ပေးကြတဲ့ ကျွန်တော်တို့လှိုင်သားတွေအားလုံးအတွက် ဂုဏ်ယူတယ်။ " လို့ ဆန္ဒထုတ်ဖော်ပြည်သူတစ်ဦးကပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/ac/ac5c5841076c4b39e622d0303880b7d9ce6b38ed.jpeg
https://s9.kh1.co/__image/w=650,h=487,q=100/2b/2bad9410e920acf9df4fa4a81f810debcbc036d0.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/2c/2c5d576a4a77d2e8843991bf798d20027bdf6bc5.jpeg

ထို့အပြင် ဒီယနေ့ မတ်လ (၆)ရက်နေ့မှာ လှိုင်လူငယ်များနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာများ အင်အားစု ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြသခဲ့ကြပါတယ်။ "လောလောဆယ်တော့ အေးဆေးပါဘဲ။ ရဲတွေ စစ်တပ်တွေကတော့ ခုချိန်ထိမတွေ့သေးဘူး။ ဆန္ဒပြတဲ့သူတွေကလည်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြပါတယ်" လို့ ဆန္ဒပြသူတစ်ဦးကပြောပါတယ်။ ယနေ့လှိုင်မြို့နယ် အခြေအနေရဲ့ ဓာတ်ပုံတွေကိုလဲ တင်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/f5/f5d56f5ae6d4fa61d21cea482a51138839bb7499.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/b4/b4d7770b1cb54b837746e124f2d1b9e6fbf09973.jpeg
https://s9.kh1.co/__image/w=450,h=600,q=100/2c/2c81386fec007aab8dceca18e6f26675395498d4.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/a5/a5d3bad82159eae7ffdeb56ead15a1b57300ef2b.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/a7/a7fb0df0c385696785a044609d8e55fd458014a3.jpeg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T