စေတနာရှင်တွေထည့်ဝင်ပေးထားတဲ့အလှူငွေများအားကွယ်လွန်သွားတဲ့မောင်လေးဖိုးချစ်ရဲ့မိသားစုဝင်ထံသို့ကိုယ်တိုင်သွားပေးခဲ့တဲ့ ဘေဘီမောင်

//s9.kh1.co/24/24cef34c78b6fd31e06210556384087df96fb3a9.jpeg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ဘေဘီမောင်ကတော့  ဆယ်စုနှစ်ကျော်တိုင်အောင်  ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ  ရိုက်ကူးရင်း  ပရိသတ်တွေရဲ့  ချစ်ခင်အားပေးမှုတွေကို  ရရှိခဲ့တာလည်း  ဖြစ်ပါတယ်။  လက်ရှိဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာလည်း   ပြည်သူတွေနဲ့အတူ  တစ်တပ်တစ်အား  ပါဝင်နေပြီး  မြန်မာပြည်ပြီး  အမြန်ဆုံး  ငြိမ်းချမ်းအောင်လည်း  မြတ်စွာဘုရားရှင်ထံ   ဝတ်ပြုပြီးတိုင်း  ဆုတောင်းပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 

​ဘေဘီမောင်ကတော့  ညစဉ်(၈) နာရီတိတိတိုင်းမှာလည်း  သူမရဲ့ အိမ်ရှေ့တွင်  သံဗုံးတီးလှုပ်ရှားမှုကိုလည်း  ပါဝင်ဆောင်ရွက်နေတာလည်း  ဖြစ်ပါတယ်။ ဒါ့အပြင်  လူထုလှုပ်ရှားမှုတွင်  ပါဝင်နေရင်း  မမျှော်လင့်ဘဲ  ကွယ်လွန်သွားခဲ့ကြတဲ့  သူရဲကောင်းတွေအတွက်လည်း  အလှူငွေတွေ  ထည့်ဝင်လှူဒါန်းပေးနေတာလည်း  ဖြစ်ပါတယ်။  မြောက်ဥက္ကလာတွင်  ကျဆုံးသွားတဲ့  သူရဲကောင်းကိုဖိုးချစ်ရဲ့မိသားစုဝင်များအား  ကူညီချင်တဲ့  မိတ်ဆွေများအတွက်    မနေ့ညကသူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  အလှူငွေတွေ  ပါဝင်လှူဒါန်းနိုင်ကြောင်း  ရေးသားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 

မကြာသေးခင်  မိနစ်ပိုင်းလောက်ကလည်း  ဘေဘီရဲ့ Facebook အကောင့်တွင်  မောင်လေးဖိုးချစ်အတွက်  စေတနာရှင်တွေထည့်ဝင်ပေးထားတဲ့အလှူငွေများအား ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေ  တင်ပေးထားတာပဲ ဖြစ်ပါတယ်။  သူမကလည်း " မြောက်ဥက္ကာကမောင်လေးဖိုးချစ်အတွက် စေတနာရှင်များမှပါဝင်လှူဒါန်းထားတဲ့ငွေ ၁၀၁၀၀၀၀ ဆယ်သိန်းတစ်သောင်းရရှိပါတယ်ရှင့်??ဘေဘီက အလှူငွေ ၁၀၀၀၀၀ တစ်သိန်း /စုစုပေါင်း ငွေ၁၁,၁၀၀၀၀ အားမောင်လေးဖိုးချစ်မိသားစုထံသို့ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့ပါတယ်ရှင့်??

အလှူရှင်သားဓုခေါ်ပေးပါနော်??မောင်လေးဖိုးချစ်တို့မိသားစုကိုယ်စားကျေးဇူးတင်ပါတယ်ရှင့်??????

#မောင်လေးရေကောင်းရာသူကတိလားပါစေကွယ်???" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Baby Maung’s Facebook Account 

Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Photo Crd-Baby Maung’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T