လူပြောများနေတဲ့ ဇာတ်ဝင်ခန်းတစ်ခုအကြောင်းပြန်ဖြေရှင်းခဲ့တဲ့ သရုပ်ဆောင်ပြေတီဦး

ပရိသတ်ကြီးရေ သရုပ်ဆောင်ပြေတီဦးဟာ ရာဇဝင်ရိုင်းသူများဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာမှာ ဇာတ်ကားထဲမှာ မင်းသမီးကို နမ်းတဲ့

ဇာတ်ဝင်ခန်းတစ်ခန်းကြောင့် လူပြောများလျက်ရှိပါတယ်။

အဲ့ဒါနဲ ့ပတ်သက်ပြီး ပြေတီဦးက သူ ့အနေနဲ ့တကယ်မနမ်းတဲ့အကြောင်းကို 7Day TV ရဲ ့အင်တာဗျူးမှာ အခုလိုပြောပြထားပါတယ်။

“အနုပညာသက်တမ်းတစ်လျှောက် ရိုက်ကူးဖူးခဲ့တဲ့ ဇာတ်ကားတွေမှာ နမ်းတဲ့ ဇာတ်ဝင်ခန်းဆိုရင် ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင် အပါအဝင် ဘယ်မင်းသမီးကိုမှ

တကယ်မနမ်းခဲ့ဘူး။ အိန္ဒြာကျော်ဇင်ကိုတောင် အိမ်ထောင်ပြုပြီးှမှ တကယ်နမ်းခဲ့တာပါ” လို ့ပြေတီဦးက ပြောပြသွားပါတယ်။

ဒီဇာတ်ကားကတော့ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ပုံဖေါ်တဲ့ ဇာတ်ကားဖြစ်ပြီး ထိပ်တန်းမင်းသား၂ဦးဖြစ်တဲ့ ပြေတီဦးနဲ ့မြင့်မြတ်တို ့

ပါဝင်ထားကြပါတယ်။ မင်းသမီးတွေကတော့ သရုပ်ဆောင် ပက်ထရစ်ရှာနဲ ့လိုင်လာခမ်းတို ့ဖြစ်ကြပါတယ်။

ဒီဇာတ်ကားဟာ ရုံမတင်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားမှုများတဲ့ ဇာတ်ကားဖြစ်ပြီး ပြေတီဦးက ကိုယ်တိုင်အားရကျေနပ်မိတဲ့ဇာတ်ကားကောင်း

တစ်ကားဖြစ်တယ်လို ့လည်း ညွန်းဆိုထားပါတယ်။ 

သတင်းအရင်းမြစ် 7Day TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။