မိသားစုလိုက်လမ်းပေါ်ထွက်သလို အလှူတွေလည်းလုပ်နေပေမယ့် ပရိသတ်တွေကြား နားလည်မှုလွဲတာတွေကိုဖြေရှင်းပြောပြလာတဲ့ ရွှေမှုံရတီ

//s9.kh1.co/18/183ca192f71627adbe68776bd14bd9ccb08365d0.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သဲလို့အားလုံးက ချစ်စနိုးခေါ်ကြသလို ရွှေမှုံလိုလည်း ခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောရွှေမှုံရတီကတော့ အနုပညာလောကမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကို အခိုင်အမာရရှိခဲ့သူပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်လည်းကောင်းသလို စကားပြောလည်း ပွင့်လင်းပြတ်သားတဲ့ ရွှေမှုံလေးတစ်ယောက် လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေအနေနဲ့ သူမအပေါ်နားလည်မှုလွဲနေကြတာတွေကို ဖြေရှင်းပြောပြလာပါတယ်..။

Photo Credit - Shwe Mhone Yati's Fb Acc
Photo Credit - Shwe Mhone Yati's Fb Acc

ပြည်သူတွေနဲ့အတူ တစ်သွေးတည်းတစ်သားတည်းရပ်တည်နေပြီး လူထုလှုပ်ရှားမှုတွေမှာမိသားစုလိုက်ပါဝင်နေကာ အလှူတွေလုပ်ဖြစ်နေတဲ့အကြောင်းတွေကို ရွှေမှုန်လေးက ပြီးခဲ့တဲ့မိနစ်ပိုင်းကပဲ သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးရေးသားထားတာပါ..။

လှုပ်ရှားမှုတွေမှာပါဝင်သလို အလှူတွေလည်းလုပ်သလို

လုပ်နိင်တာအကုန်လုပ်ပြီး တတ်နိုင်သလောက်ပါဝင်နေပေမယ့်လည်းလူမှုကွန်ယက်ပေါ်အချိန်နဲ့တပြေးညီ မတင်ခဲ့တာဖြစ်တဲ့အကြောင်းလေးတွေကို ရွှေမှုန်လေးက ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Shwe Mhone Yati's Fb Acc
Photo Credit - Shwe Mhone Yati's Fb Acc
Photo Credit - Shwe Mhone Yati's Fb Acc
Photo Credit - Shwe Mhone Yati's Fb Acc

"နွေဦးတော် လှန် ရေးမှာ ကျွန်မ တို့မိသားစု

ဆန္ဒလည်းထွက်ပြသလို အလှူလည်း လုပ်နိုင်တဲ့ အပိုင်း က အကုန်လုပ်နေပါတယ်

အချိန်နဲ့ တပြေး ညီ မတင်နိုင်တာပဲရှိတာပါ

ဖုန်းလည်းထားခဲ့ပါတယ်

မီဒီယာရှိတဲ့ ဆီလည်းမသွား ဖြစ်ပါဘူး

တင်လည်းပြော မတင်လည်းပြော မို့ မတင်ကိုမတင်ချင်ပါဘူး

နောက်လည်း တင်ဖို့မရှိပါဘူး

တော်လှန်ရေးပြီးမှ အကုန်တင်ပေးပါမယ်?.." ဆိုပြီး သဲက ရေးသားပြောပြထားတာပါ..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း အမှန်တရားဘက်မှာပြည်သူတွေနဲ့အတူရှိနေပေးတာကိုပဲ ကျေးဇူးတင်နေရပြီး အစစရာရာဂရုစိုက်ဖို့ကိုလည်း Comment လေးတွေမှာ မှတ်ချက်လေးတွေ ပေးထားကြတာတွေ့ရပါတယ်..။

Photo Credit - Shwe Mhone Yati's Fb Acc
Photo Credit - Shwe Mhone Yati's Fb Acc
Photo Credit - Shwe Mhone Yati's Fb Acc
Photo Credit - Shwe Mhone Yati's Fb Acc

သတင်း အရင်းအမြစ်Shwe Mhone Yati's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T