အားမာန်အပြည့်နဲ့ တက်ကြွစွာ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ရင်း အမောပြေစေမယ့် ရေခဲချောင်းတွေကို လိုက်လံဝေငှနေတဲ့ ရဲလေး

//s9.kh1.co/ea/eafdc66cb380f9483d6953d379940d87822e6884.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ရဲလေးကတော့ လူငယ်ပရိသတ်တွေအကြိုက် အလန်းစား သီချင်းကောင်းလေးတွေကိုတွေ သီဆိုဖျော်ဖြေလေ့ရှိတဲ့ တေးသံရှင်တစ်ဦး ပဲဖြစ်ပါတယ်။ဟန်ဆောင်မှုမရှိပဲ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်တဲ့ ရဲလေးက ဂီတလောကမှာ အချိန်အတော်ကြာ ရပ်တည် အောင်မြင်နေတာ ဖြစ်ပြီး သီချင်းအသစ်တွေကိုလည်း ဆက်လက်ဖန်တီးကာ ပရိသတ်တွေ ခံစားနားဆင်နိုင်အောင် ကြိုးစားနေသူ ဖြစ်ပါတယ်။လတ်တလောမှာတော့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုကြီးက တရားမျှတမှု ပြန်လည်ရရှိအောင် အေးချမ်းစွာ ဖော်ထုတ်နေကြတာ ပဲဖြစ်ပါတယ်။

Photo Credit-Ye' Lay FB page
Photo Credit-Ye' Lay FB page
Photo Credit-Ye' Lay FB page
Photo Credit-Ye' Lay FB page

လူထုလှုပ်ရှားမှုကြီးကတော့ တစ်ရက်ထက် တစ်ရက် အရှိန်အဟုန်ကောင်းလာတာ ဖြစ်ပြီး ပြည်သူ လူထုနဲ့အတူ ရင်ဘတ်ချင်းတူတဲ့ အနုပညာရှင်တော်တော်များများကလည်း ပါဝင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ဒီလိုအချိန်မျိုးတွင် ရဲလေးကလည်း နေ့စဥ် ရက်ဆက် လမ်းမထက်တွင် ရဲရင့်တတ်ကြွစွာ ပါဝင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ဒါ့အပြင် ပြည်သူပရိသတ်တွေ အတွက် နိုင်သလောက်လေး စားစရာသောက်စရာတွေကို မျှဝေ လှူဒါန်းနေတာလည်း တွေ့ရပါတယ်။

Photo Credit-Ye' Lay FB page
Photo Credit-Ye' Lay FB page
Photo Credit-Ye' Lay FB page
Photo Credit-Ye' Lay FB page

ဒီနေ့မှာဆိုရင်လည်း လူထုလှုပ်ရှားမှာ ပါဝင်အားဖြည့်ရင်း ရင်ထဲကိုအေးမြစေမယ့် ရေခဲချောင်းတွေကို ပြည်သူတွေအတွက် လိုက်လံဝေငှနေတာကို သူရဲ့လူမူကွန်ယက် စာမျက်နှာထက်တွင် "နွေဉီးအပူရှိန် အတွက်တော့ ဒါလေး က တစ်ခဏတာ အမောပြေစေမှာပါ ???အရသာရှိရှိ အမောဖြေရင်းအတူတူဆက်ချီတက်ကြပါစို ့???"ဆိုပြီး ရေးသားထားကာ ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေ အတွက် ရဲလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည် ဝေမျှပေးရင်း ပြည်သူတွေအားလုံး ဘေးရန်ကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်????

Photo Credit-Ye' Lay FB page
Photo Credit-Ye' Lay FB page
Photo Credit-Ye' Lay FB page
Photo Credit-Ye' Lay FB page
Photo Credit-Ye' Lay FB page
Photo Credit-Ye' Lay FB page

သတင်း အရင်းအမြစ်Ye' Lay FB page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T