လူထုလှုပ်ရှားမှုလုပ်ရင်းကြွေလွင့်သွားရှာတဲ့ ပြည်သူ့သူရဲကောင်းလေးမောင်ထက်ဝေထူးအတွက် အလှူငွေတွေလှူဒါန်းလိုက်တဲ့ ချယ်ရီသင်း

//s9.kh1.co/7a/7a53c505663ef987810cdcefa5df8ce39ed137f7.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေများစွာသီဆိုတတ်တဲ့ အဆိုတော်ချယ်ရီသင်းကတော့ ဂီတလမ်းကြောင်းမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာရပ်တည်နေတဲ့အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။

ချယ်ရီသင်းဟာ လက်ရှိအခြေအနေတွေမှာ ကိုယ်တိုင်ကလည်း လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ပြုလုပ်နေသလို တော်လှန်ရေးတိုက်ပွဲကြီးမှာ လူထုလှုပ်ရှားမှုတွေပြုလုပ်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေသူလေးလည်း ဖြစ်ပါတယ်..။

Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc

ပြီးခဲ့တဲ့ရက်တွေကတည်းက နွေဦးတော်လှန်ရေးမှာအသက်ပေးသွားကြတဲ့ပြည်သူတွေအတွက် ဖေးမကူညီမှုတွေနဲ့ လှူဒါန်းမှုတွေပြုလုပ်နေသလို Video Call ခေါ်ပြီးတော့လည်း အားပေးစကားလေးတွေ ကိုယ်တိုင်ပြောပြီး နှစ်သိမ့်အားပေးတာလည်း တွေ့ရပါတယ်..။

ပြည်သူတွေနဲ့အတူရပ်တည်နေတဲ့ ချယ်ရီသင်းဟာ ဒီကနေ့လေးမှာတော့ လူထုလှုပ်ရှားမှုတွေလုပ်ရင်းကျဆုံးသွားတဲ့ မော်လမြိုင်ကပြည်သူ့သူရဲကောင်းလေး မောင်ထက်ဝေထူးရဲ့ ဈာပနလေးမှာလည်း အလှူငွေတွေလှူဒါန်းကာ ဖေးမကူညီခဲ့ပါတယ်..။

Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc

"မော်လမြိုင်ကဆုံးသွားတဲ့မောင်လေး ထက်ဝေထူးအတွက်ပြည်တွင်းပြည်ပမှစေတနာရှင်များလှူဒါန်းထားတဲ့အလှူငွေထဲမှ (၅)သိန်းကျပ်ကိုမောင်လေးရဲ့ဖေဖေ့စီအရောက်လှူဒါန်းပြီးပါပြီ

အိမ်အထိသွားရောက်အလှူငွေပို့ပေးတဲ့ မောင်လေးထူးပိုင်ကိုလည်းကျေးဇူးတင်ပါတယ်?

ကောင်းရာသုကတိလားပါစေကွယ်?.." ဆိုပြီး သူမက ဆုတောင်းစားလေးနဲ့အတူ မျှဝေထားတာပါ..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ချယ်ရီသင်းတို့ရဲ့အလှူလေးကို ပရိသတ်တွေကသာဓုခေါ်ကြသလို ကွယ်လွန်သွားတဲ့ တော်လှန်ရေးသူရဲကောင်းလေး မောင်ထက်ဝေထူးအတွက်လည်း ကြေကွဲစွာဆုတောင်းစကားလေးတွေ ဆိုထားကြတာ တွေ့ရပါတယ်..။

Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc

သတင်း အရင်းအမြစ်Cherry Thin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T