တကယ့်အရေးကြုံလာတဲ့အချိန်ကျမှ ခင်ပွန်းဖြစ်သူကပျောက်သွားခဲ့လို့ ပြေးရင်းလွှားရင်း ကြုံခဲ့ရတဲ့ဖြစ်ရပ်မှန်လေးကို ဖွင့်ဟလာတဲ့ နှိုင်းရှင်မြင့်မိုရ်

//s9.kh1.co/a2/a2628a49c0f245612d88f2b518bc44b24a27f691.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တကယ့်အရေးကြုံလာတဲ့အချိန်ကျမှ ခင်ပွန်းဖြစ်သူကပျောက်သွားခဲ့လို့ ပြေးရင်းလွှားရင်း ကြုံခဲ့ရတဲ့ဖြစ်ရပ်မှန်လေးကို ဖွင့်ဟလာတဲ့ နှိုင်းရှင်မြင့်မိုရ်

လတ်တလောကာလမှာဆိုရင် အနုပညာလောကသားတွေ တော်တော်များများကလည်း ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေကို ကြိုးစားပမ်းစား ပြုလုပ်နေကြတာ ဖြစ်ပါတယ် ။ အနုပညာရှင်များအဖွဲ့ကိုတော့ ဦးဇင်ဝိုင်း၊ ဦးလွင်မိုးတို့ ကိုယ်တိုင်ဦးဆောင်နေတာကြောင့် အနုပညာရှင်တွေအားလုံးကလည်း အချင်းချင်း စည်းလုံးညီညွတ်စွာ ပါဝင်နေကြတာပဲ ဖြစ်ပါတယ် ။ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နှိုင်းရှင်မြင့်မိုရ်ကတော့ လူထုလှုပ်ရှားမှုတွေအပြင် အလှူအတန်းတွေလည်း တတ်နိုင်သလောက်ပြုလုပ်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Nhying Shin's FB Acc
Photo Credit-Nhying Shin's FB Acc
Photo Credit-Nhying Shin's FB Acc
Photo Credit-Nhying Shin's FB Acc

နှိုင်းရှင်မြင့်မိုရ်က ပြည်သူတွေအမောပြေစားရအောင် သူမတို့ခြံကထွက်တဲ့ လတ်လတ်ဆတ်ဆတ် သစ်သီးတွေကို လိုက်လံဝေငှခဲ့တာ ဖြစ်ပါတယ် ။ အခုတော့ နှိုင်းရှင်မြင့်မိုရ်က ဒီကာလအတွင်းမှာ ကြုံတွေ့လိုက်ရတဲ့ သူမရဲ့အဖြစ်အပျက်လေးတွေကို ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ နှိုင်းရှင်မြင့်မိုရ်က "အားလုံးကို ဟာသလေးနဲ့ ဖြစ်ရပ်မှန်လေး တစ်ခုပြောပြချင်လို့ပါ...တကယ်လို့လမ်းမှာ ပစ်ကြခတ်ကြ ပြေးကြလွှားကြရင်း နှိုင်းရှင်ကိုတွေ့ခဲ့ရင် ကိုယ့်မိသားစုဝင်လို သဘောထားပြီးသာ ဆွဲပြေးကြပါ...အဲ့လိုပြောလို့ ဟယ် သူ့ယောက်ျားရှိတာပဲ ကိုဘင်းကစိတ်ဆိုးမှာပေါ့ဆိုပြီး တွေးမပူကြပါနဲ့ ကိုယ့်ယောက်ျားအကြောင်း ကိုယ်သာ အသိဆုံးပါ...လမ်းထဲမှာ ညဘက် သံပုံးတွေတီးကြ ခွေးတွေလာဆွဲလို့ ကိုဘင်းဆင်းဆင်းဆိုရင် လက်နှိပ်ဓာတ်မီးယူ ဝယ်ပေးထားတဲ့ ဘေ့စ်ဘောတုတ်တွေဘာတွေယူပြီး တံခါးတွေဘာတွေဖွင့်ပြီးမှ သေးပေါက်ချင်လို့ခဏဆိုပြီး သေးသွားပေါက်တယ်?သူအိမ်သာကထွက်လာပြီး တိုက်ပေါ်ကဆင်း အောက်ရောက်ရင် လမ်းထဲဝင်လာတဲ့သူတွေကအိမ်ပြန်ရောက်နေလောက်ပြီ"

Photo Credit-Nhying Shin's FB Acc
Photo Credit-Nhying Shin's FB Acc
Photo Credit-Nhying Shin's FB Acc
Photo Credit-Nhying Shin's FB Acc
Photo Credit-Nhying Shin's FB Acc
Photo Credit-Nhying Shin's FB Acc

"ဟိုတနေ့က သမ္မတ ရုပ်ရှင်ရုံမှာ ထိုင်သပိတ်ပြေးပြေးဆိုတော့ ကိုယ့်ယောက်ျားလိုက်ရှာတာ မတွေ့တော့ဘူး...အဲဒီတော့သရုပ်ဆောင်သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ချမ်းသာနဲ့ဇော်ဇော်က နှိုင်းရှင် လာလာဆိုပြီး လက်တစ်ဖက်ဆီဆွဲပြေးကြတာ အရေးထဲ သူတို့နှစ်ယောက်က ဟိုဘက်က အပိတ်ကြီး ဒီဘက်ကိုလာဆိုပြီးဆွဲနေကြတာ ခုမှပြန်စဉ်းစားမိတယ် ရာမနဲ့ဒဿဂီရိ ဆွဲနေကြတဲ့အတိုင်းပဲ? တကယ်လို့ ဟိုကောင်တွေက ပစ်ချလိုက်ရင် ငါကကြားထဲက...အယ် အားလုံးအေးဆေးဖြစ်တဲ့အချိန်မှ တကယ်ကယ်မယ့်ဇာတ်လိုက်က ထွက်လာတယ်...နင်ဘယ်ရောက်သွားတာလဲဆို‌တော့ ချီးသွားပါတာတဲ့??အေး နင်အဲ့မှာပါနေ ပေါက်နေလိုက်လို့?" ဆိုပြီး သူမရဲ့အလွဲလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။ နှိုင်းရှင်မြင့်မိုရ်တို့ဇနီးမောင်နှံကတော့ အခုချိန်မှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပြီး ဇွဲမလျှော့ဘဲ အားသွန်ခွန်စိုက်ကြိုးစားပေးနေကြတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Nhying Shin's FB Acc

Photo Credit-Nhying Shin's FB Acc
Photo Credit-Nhying Shin's FB Acc
Photo Credit-Nhying Shin's FB Acc
Photo Credit-Nhying Shin's FB Acc
Photo Credit-Nhying Shin's FB Acc
Photo Credit-Nhying Shin's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T