Gen Zတွေက အရှေ့ကနေ သတ္တိရှိရှိနဲ့ကာကွယ်ပေးနေချိန်မှာ အနောက်ကလူတွေမဖြစ်မနေလုပ်ရမယ့် အရာလေးတစ်ခုကိုပြောပြလိုက်တဲ့ မိစန္ဒီ

//s9.kh1.co/d1/d183aaee503dda8f1b9c781c57eb2e7aa73c1260.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

Gen Zတွေက အရှေ့ကနေ သတ္တိရှိရှိနဲ့ကာကွယ်ပေးနေချိန်မှာ အနောက်ကလူတွေမဖြစ်မနေလုပ်ရမယ့် အရာလေးတစ်ခုကိုပြောပြလိုက်တဲ့ မိစန္ဒီ

အဆိုတော်မိစန္ဒီကတော့ ပြည်သူတွေဘက်ကနေ ရဲရဲဝင့်ဝင့်ရပ်တည်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး နွေဦးတော်လှန်ရေးမှာလည်း ပါဝင်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။  လူထုလှုပ်ရှားမှုတွေစတင်တဲ့နေ့ကတည်းက ပါဝင်လှုပ်ရှားခဲ့တဲ့ သူမကတော့ လက်ရှိကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ အမြင်ကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြန်လည်မျှဝေပေးလေ့ရှိပါတယ်။ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ မိစန္ဒီကတော့ မနေ့က ပြုလုပ်တဲ့ လူထုလှုပ်ရှားမှုမှာလည်း မမောနိုင်မပန်းနိုင်နဲ့ ပါဝင်ခဲ့ပါတယ်။ 

photo credit: mi sandi ' s facebook page
photo credit: mi sandi ' s facebook page
photo credit: mi sandi ' s facebook page
photo credit: mi sandi ' s facebook page

မိစန္ဒီကတော့Gen Zတွေက အရှေ့ကနေ သတ္တိရှိရှိနဲ့ကာကွယ်ပေးနေချိန်မှာ အနောက်ကလူတွေမဖြစ်မနေလုပ်ရမယ့် အရာလေးတစ်ခုကိုပြောပြလိုက်ပါတယ်။ မိစန္ဒီကတော့ " မောင်လေးညီမလေးတို့ (Our beloved Gen Z) သတ္တိတွေအတွက် ဇွဲလုံလ ဥာဏ်ပညာတွေ စည်းလုံးမှုတွေအတွက်.. အမြဲ လေးစားလျက်ပါ..သွေးတွေရဲရဲနီတယ် ဆိုတာ သိပြီးသား..ဒါပေမယ့် အခုချိန်မှာ ထိပ်တိုက်တွေ့စရာ မလိုတော့ပါဘူးနော်.. ဆုတ်သင့်ရင် ဆုတ်.. ပြေးသင့်ရင်ပြေးအရမ်းကြီး မရဲတင်းပါနဲ့နော်.. ရင်တွေလည်းနာခဲ့ရပြီမို့ ကလေးတို့ကိုနည်းနည်းလေးတောင် အပွန်းအပဲ့ အထိအခိုက် မခံနိုင်တော့လို့ပါ.အမတို့က နောက်နားကနေ နေတယ်ဆိုပေမယ့် ရှေ့က ကလေးတွေကို စိတ်ပူပြီး ရင်တုန်ရတယ်ကွယ် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit: mi sandi ' s facebook page
photo credit: mi sandi ' s facebook page
photo credit: mi sandi ' s facebook page
photo credit: mi sandi ' s facebook page
photo credit: mi sandi ' s facebook page
photo credit: mi sandi ' s facebook page

မိစန္ဒီကတော့ " ရှေ့က ကိုကိုလေးတွေက ကာကွယ်ပေးရင်း နောက်က ဆန္ဒထုတ်ဖော်သူ မမလေးတွေကလည်း vinyl လေးတွေ .. ဘုတ်ပြားလေးတွေ ယူဖြစ်အောင်ယူနော်.. ဆင်တူလေးတွေဆို ပိုကောင်း ဆရာကြီး လုပ်တာမဟုတ်ပါဘူး.. မောင်လေးတို့ ညီမလေးတို့က ပိုတော်ပြီးသားပါနော်..ဒါပေမယ့် အခုနောက်ပိုင်း ဘုတ်ပြားလေးတွေ နည်းနေသလားလို့နော်.. ဓါတ်ပုံတွေ international media တွေမှာ လူအုပ်ကြီးတွေထက် ပေးချင်တဲ့ message တွေကို ပြဖို့ အရေးကြီးလို့ပါ.. ကိုယ်ကျိုးမငဲ့ လမ်းပေါ်ထွက်နေသူ အမှန်တရားဘက်တော်သား အားလုံးကို သုံးခုပဲ အနူးအညွှတ်တောင်းဆိုပါရစေ 1. အသေမခံနဲ့ 2. အဖမ်းမခံနဲ့ 3. အကြမ်းမဖက်နဲ့ အစစအရာရာဂရုစိုက်ကြပါနော်.. Good night အရေးတော်ပုံအောင်တော့မည် "ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source : mi sandi ' s facebook page

photo credit: mi sandi ' s facebook page
photo credit: mi sandi ' s facebook page
photo credit: mi sandi ' s facebook page
photo credit: mi sandi ' s facebook page
photo credit: mi sandi ' s facebook page
photo credit: mi sandi ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T