နေ့စဉ်ရက်ဆက်မမောနိုင်မပန်းနိုင်အောင် ပြည်သူတွေနဲ့အတူလူထုလှုပ်ရှားမှုတွေမှာတစ်တပ်တစ်အားပူးပေါင်းပါဝင်နေတဲ့ ခေးဆက်သွင်

//s9.kh1.co/68/6825e21c2477b498a885c93decfcb3b14aab1940.jpeg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီး  ခေးဆက်သွင်ကတော့  ရုပ်သံဇာတ်လမ်းတွဲတွေမှာ  ပါဝင်သရုပ်ဆောင်ရင်း  ပရိသတ်တွေအားလုံးရဲ့  ချစ်ခင်အားပေးမှုတွေကို ရရှိထားတာလည်း  ဖြစ်ပါတယ်။  ပြည်သူထဲက  ပြည်သူတစ်ယောက်ဖြစ်တာကြောင့်  လူထုလှုပ်ရှားမှုတွေမှာ  တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နေသူလည်း  ဖြစ်ပါတယ်။  နေ့စဉ်မမောနိုင်မပန်းနိုင်အောင်  လမ်းပေါ်ထွက်ကာ  သူမရဲ့ ရင်ထဲက  ဆန္ဒအမှန်တရားတွေကို  ထုတ်ဖော်ပြသနေတာလည်း  ဖြစ်ပါတယ်။  

Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 

ဒါ့အပြင်  ဒီလှုပ်ရှားမှုမှာ  မပါသေးတဲ့  ပြည်သူ့ဝန်ထမ်းတွေလည်း  ပိုမိုပါဝင်နိုင်အောင်  တိုက်တွန်းပေးနေသူလည်း  ဖြစ်ပါတယ်။  နေပူကြီးထဲမမောနိုင်မပန်းနိုင်အောင်  ပါဝင်နေရုံသာမကဘဲ  အရေးကြီးတဲ့ သတင်းအချက်အလက်တွေကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  ဒါ့အပြင် လမ်းပေါ်ထွက်ပြီးသူတို့ရဲ့ ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်နေတဲ့ ပြည်သူတွေအတွက်  သူငယ်ချင်းတွေနဲ့စုပေါင်းပြီး အလှူတွေလုပ်ကာကုသိုလ်ယူနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်  နေ့စဉ်ရက်ဆက်မမောနိုင်မပန်းနိုင်အောင် ပြည်သူတွေနဲ့အတူလူထုလှုပ်ရှားမှုတွေမှာတစ်တပ်တစ်အားပူးပေါင်းပါဝင်နေတဲ့ သူမရဲ့ ပုံလေးတွေကို  တင်ပေးထားတာပဲ  ဖြစ်ပါတယ်။ " သိသိမသိသိ ငါတို့အားလုံးမောင်နှမတွေပဲ..

သိသိမသိသိ အရေးကြီးရင် မေတ္တာအပြည့်နဲ့ 

ကူညီမယ့်သူတွေချည်းပဲ....

သိသိမသိသိ အမှန်တရားကို ချစ်တာခြင်းတူသူတွေမို့

အပြန်အလှန်

လေးစားကြတယ်...." ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေလည်း  သိရှိနိုင်အောင်  ဒီသတင်းလေးကို  တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Khay Sett Thwin’s Facebook Account 

Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T