ဦးခေါင်းကို ကျည်ထိကာ ကြွေလွင့်ခဲ့ရတဲ့ ပြည်သူ့ သူရဲကောင်း မောင်လေး ဖိုးချစ်ရဲ့ နာရေးအတွက် အလှူငွေ ၁၀သိန်း ပေးအပ်ခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/1c/1ca5f1564362b7bbeb12caf4ae7269f6eab398b0.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးကြီး ခိုင်နှင်းဝေကတော့ ပရဟိတ စိတ်ဓာတ်ပြင်းထန်သူ ပီပီ လူထုလှုပ်ရှားမှုမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့သူရဲကောင်းတွေကို ငွေကြေးအင်အားနဲ့ ကူညီထောက်ပံ့ပေးတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာ တစ်တပ်တစ်အားပါဝင်ခဲ့တဲ့ ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာလည်း ပိုစ့်တွေတင်ပေးလေ့ရှိတာပါ။ 

Photo Credit - Khine Hnin Wai's FB account
Photo Credit - Khine Hnin Wai's FB account

ခိုင်နှင်းဝေက လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် ပြည်သူလူထုတွေ လမ်းပေါ်ထွက်ကာ ရပ်တည်နေတဲ့အပေါ်မှာလည်း သူမက တစ်သားတည်းဝန်းရံပေးခဲ့ပါသေးတယ်။ ဒါ့အပြင် ခိုင်နှင်းဝေက လူထုလှုပ်ရှားမှုကြီးမှာ အသက်ပေးကာ သေဆုံးခဲ့ရတဲ့ ပြည်သူ့ သူရဲကောင်းတွေရဲ့ ကျန်ရှိတဲ့ မိသားစုဝင်တွေအတွက်လည်း တတ်နိုင်တဲ့ ဘက်ကနေ ငွေကြေးအင်အားနဲ့ ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai's FB account
Photo Credit - Khine Hnin Wai's FB account
Photo Credit - Khine Hnin Wai's FB account
Photo Credit - Khine Hnin Wai's FB account

ယနေ့မှာလည်း ခိုင်နှင်းဝေက မြောက်ဥက္ကလာ လူထုလှုပ်ရှားမှုမှာ ဦးခေါင်းကို ​ကျည်ထိကာ အသက်သေဆုံးခဲ့ရတဲ့ မောင်ဖိုးချစ်ရဲ့ နာရေးအတွက် အလှူငွေကို ကိုယ်တိုင်သွားရောက်ပေးအပ်ခဲ့ပါတယ်။ အလှူငွေပေးအပ်ခဲ့တဲ့ ပုံတွေအပြင် ခိုင်နှင်းဝေက " မြောက်ဥက္ကလာ မှာ ကျည်ထိမှန် ပြီး ကျဆုံးသွားသော ကိုဖိုးချစ် ၏ နာရေး အတွက် အလှုငွေ (၁၀)သိန်းကျပ်ကို လှူဒါန်းပေးခဲ့ပါတယ်...မိသားစုတွေရဲ့ အပူတွေ မငြိမ်းနိုင်ပေမဲ့ ကျမတို့ တတ်နိုင်တာလေး နဲ့ အားဖြည့် ကူညီပေးခဲ့ပါတယ်..ကောင်းရာ သုဂတိ လားပါစေ ရှင် " ဆိုတဲ့ စာသားကိုလည်း ရေးသားလာတာပါ။ အဆိုပါ စာသားနဲ့ ခိုင်နှင်းဝေရဲ့ ပုံတွေကို ပရိသတ်တွေကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo Credit - Khine Hnin Wai's FB account
Photo Credit - Khine Hnin Wai's FB account
Photo Credit - Khine Hnin Wai's FB account
Photo Credit - Khine Hnin Wai's FB account

သတင်း အရင်းအမြစ်Source - Khine Hnin Wai's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T