ကျဆုံးသွားတဲ့သူရဲကောင်းလေးညီညီက သူ့ရဲ့သီချင်းကိုကြိုက်နှစ်သက်ခဲ့ကြောင်း အခုမှသိလိုက်ရလို့ စိတ်မကောင်းဖြစ်နေတဲ့ ဟန်ထူးစျာန်

//s9.kh1.co/7e/7e788bec70a0772259f80ca08c85d49bfe53a339.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားတဲ့သူရဲကောင်းလေးညီညီက သူ့ရဲ့သီချင်းကိုကြိုက်နှစ်သက်ခဲ့ကြောင်း အခုမှသိလိုက်ရလို့ စိတ်မကောင်းဖြစ်နေတဲ့ ဟန်ထူးစျာန်

အဆိုတော်၊ သရုပ်ဆောင် ဟန်ထူးစျာန်ကတော့ လမ်းပေါ်ထွက်ပြီး သူ့ရဲ့ရင်တွင်းဆန္ဒတွေကို အားလုံးနဲ့အတူ အော်ဟစ်ကြွေးကြော်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ် ။ ဟန်ထူးစျာန်က ပြည်သူတစ်ယောက်နေရာကနေ တတ်နိုင်သလောက် တာဝန်ကျေပွန်ပြီး ကိုယ့်နိုင်ငံအတွက် ခွန်အားရှိသမျှ အစွမ်းကုန်ကြိုးစားပေးနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် နေပူကြီးထဲမှာ အပင်ပန်းခံပြီး လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့တဲ့ ဟန်ထူးစျာန်က ပြည်သူတွေအတွက် အားပေးစကားတွေ အမြဲတမ်းပြောပေးနေတာလည်း ဖြစ်ပါတယ် ။

Photo Credit-"Han Htoo Zen ဟန်ထူးစျာန်" FB Page

လက်ရှိမှာလည်း ဟန်ထူးစျာန်က အားလုံးနဲ့အတူ တစ်သားတည်းရပ်တည်နေတာဖြစ်ပြီး လိုချင်တဲ့ပန်းတိုင်ကိုရောက်ရှိနိုင်ဖို့ ဆက်လက်လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ။ ပြည်သူပရိသတ်တွေအတွက် သတင်းအချက်အလက်တွေကို မျှဝေပေးနေတဲ့ ဟန်ထူးစျာန်က အခုတော့ ဝမ်းနည်းကြောင်း စကားဆိုလာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ (၂၈)ရက်နေ့က လှည်းတန်းမှာကျဆုံးသွားတဲ့ ညီညီက သူ့ရဲ့သီချင်းကို ကြိုက်နှစ်သက်ခဲ့ကြောင်း ဟန်ထူးစျာန်တစ်ယောက် အခုမှသိလိုက်ရတာ ဖြစ်ပါတယ် ။

Photo Credit-"Han Htoo Zen ဟန်ထူးစျာန်" FB Page
Photo Credit-"Han Htoo Zen ဟန်ထူးစျာန်" FB Page
Photo Credit-"Han Htoo Zen ဟန်ထူးစျာန်" FB Page
Photo Credit-"Han Htoo Zen ဟန်ထူးစျာန်" FB Page
Photo Credit-"Han Htoo Zen ဟန်ထူးစျာန်" FB Page
Photo Credit-"Han Htoo Zen ဟန်ထူးစျာန်" FB Page

ဟန်ထူးစျာန်ရဲ့ပရိသတ်တစ်ဦးက ညီညီကိုယ်တိုင် Facebook မှာတင်ခဲ့တဲ့ Post လေးကို သူ့ဆီလာပြခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် ဟန်ထူးစျာန်က "အစတည်းက စိတ်မကောင်းဖြစ်နေချိန် ညီမလေးတယောက်ကအခုလိုပို့လာတော့ ကောင်းရာဘုံဘဝမှာ ရှိနေမယ်ဆိုတာယုံကြည်ပါတယ် ညီလေး ကိုယ့် ဆရာမမမ သီချင်းလေးက သူ့အတွက် ခဏတော့ပျော်ဖို့ အဖော်ဖြစ်ခွင့် ရလိုက်တာပေါ့" ဆိုပြီး မျှဝေလာခဲ့တာ ဖြစ်ပါတယ် ။ ဟန်ထူးစျာန်ကတော့ ညီညီအပါအဝင် ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ဝမ်းနည်းကြေကွဲပြီး စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ် ။ ပုံလေးတွေကိုပြန်လည်ဖော်ပြရင်းနဲ့ ညီညီလည်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-"Han Htoo Zen ဟန်ထူးစျာန်" FB Page

Photo Credit-"Han Htoo Zen ဟန်ထူးစျာန်" FB Page
Photo Credit-"Han Htoo Zen ဟန်ထူးစျာန်" FB Page
Photo Credit-"Han Htoo Zen ဟန်ထူးစျာန်" FB Page
Photo Credit-"Han Htoo Zen ဟန်ထူးစျာန်" FB Page
Photo Credit-"Han Htoo Zen ဟန်ထူးစျာန်" FB Page
Photo Credit-"Han Htoo Zen ဟန်ထူးစျာန်" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T