သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူတွေကိုသွားရောက်ဝန်းရံရင်းနဲ့ အမှတ်မထင်တွေ့ဆုံကြပြီး အတူတူပူးပေါင်းခဲ့တဲ့ မင်းမော်ကွန်းတို့အနုပညာရှင်တစ်စု

//s9.kh1.co/fd/fdb16f824ce122b03249d8f26308118807586d6e.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူတွေကိုသွားရောက်ဝန်းရံရင်းနဲ့ အမှတ်မထင်တွေ့ဆုံကြပြီး အတူတူပူးပေါင်းခဲ့တဲ့ မင်းမော်ကွန်းတို့အနုပညာရှင်တစ်စု

ဖေဖော်ဝါရီလကတည်းက ပြုလုပ်ခဲ့ကြတဲ့ လူထုလှုပ်ရှားမှုတွေကတော့ အခုချိန်အထိတိုင်အောင် အရှိန်မလျော့သွားဘဲ ဆက်လက်အားကောင်းနေဆဲ ဖြစ်ပါတယ် ။ ပြည်သူတွေကလည်း သူတို့ရဲ့စည်းလုံးညီညွတ်မှုကို ပြသပြီး ရဲရဲဝင့်ဝင့်ရှေ့ဆက်နေကြတယ်ဆိုတာကို အားလုံးလည်း မြင်တွေ့ကြမယ် ထင်ပါတယ်။ ပြည်သူတွေရဲ့ဘက်ကနေ အခိုင်အမာရပ်တည်နေတဲ့ အနုပညာရှင်တွေကလည်း မြို့နယ်အသီးသီးမှာရှိတဲ့ လူထုနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ် ။

Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc

မနေ့ကဆိုရင်လည်း မင်းမော်ကွန်း၊ ပြေဇင်၊ ရှင်မွေလ၊ သည်ခေတ်နေနဲ့ မြနှင်းရည်လွင်တို့အနုပညာရှင်တစ်စုက သင်္ဃန်းကျွန်းမြို့နယ်မှာ အမှတ်မထင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေကိုသွားရောက်ဝန်းရံပေးခဲ့တဲ့ မင်းမော်ကွန်းတို့အဖွဲ့ကတော့ ကိုယ့်နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေခဲ့ကြတာ ဖြစ်ပါတယ် ။ မြနှင်းရည်လွင်ကတော့ " သင်္ကန်းကျွန်းသူ/သားတွေရဲ့စေတနာပေါ့ ? " ဆိုပြီး ပြည်သူတွေကျွေးတဲ့မုန့်တွေကိုစားရင်း Snap မိခဲ့တဲ့ပုံလေးတွေကို မျှဝေထားပါတယ်။

Photo Credit-Mya Hnin Yee Lwin's FB Acc 
Photo Credit-Mya Hnin Yee Lwin's FB Acc 
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc

မင်းသားပြေဇင်ကလည်း "THINGANGYUN ဟာ အထာရှိတယ် ရန်မစတတ်ဘူး ရန်မလိုတတ်ဘူး လာထိရင်တော့ Sorry...ကျွန်းသားတွေဟာ အနေအေးတယ် ရုပ်ချောတယ်" ဆိုပြီး ပြည်သူတွေကိုကာကွယ်ဖို့ လမ်းမထက်မှာ အတားအဆီးတွေလုပ်နေတဲ့ပုံရိပ်တွေကို တင်ထားတာ ဖြစ်ပါတယ် ။ ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တွေကတော့ အားလုံးနဲ့အတူ ရပ်တည်နေကြောင်း ပြသခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ သင်္ဃန်းကျွန်းမြို့နယ်မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ မင်းမော်ကွန်းတို့အနုပညာရှင်တစ်စုရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit-Pyay Zin's FB Acc , Mya Hnin Yee Lwin's FB Acc & The Khit Nay's FB Acc

Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-The Khit Nay's FB Acc
Photo Credit-Mya Hnin Yee Lwin's FB Acc 
Photo Credit-Mya Hnin Yee Lwin's FB Acc 
Photo Credit-Pyay Zin's FB Acc
Photo Credit-Pyay Zin's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T