ညဘက်ကင်းစောင့်တာတွေအပြင် ခွန်အားအပြည့်နဲ့လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်ပြီး ပြည်သူတွေနဲ့အတူအားဖြည့်ပါဝင်နေတဲ့ သူထူးစံ

//s9.kh1.co/41/413f81051bea766cd6d1b7b4c0e96ba6a8d0cbaa.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်အနုပညာလောကမှာ အနုအရွဇာတ်ရုပ်တွေအပြင် အကြမ်းအရမ်းတွေမှာလည်း ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေရရှိထားကာ အောင်မြင်စွာရပ်တည်နေသူကတော့ သူထူးစံပဲ ဖြစ်ပါတယ်..။

သူထူးစံကတော့ မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့လက်ရှိအခြေအတွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေပြုလုပ်နေပြီး အားကြိုးမာန်တတ်နဲ့ တစ်ဖက်တစ်လမ်းကနေ ရပ်တည်နေသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Ngwe Yamin Oo Htwe's Fb Acc
Photo Credit - Ngwe Yamin Oo Htwe's Fb Acc
Photo Credit - Ngwe Yamin Oo Htwe's Fb Acc
Photo Credit - Ngwe Yamin Oo Htwe's Fb Acc

လူထုလှုပ်ရှားမှုတွေမှာအားဖြည့်လုပ်ဆောင်နေသလို ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ဒါရိုက်တာဂျိုးနဲ့အတူ ရပ်ကွက်ကင်းစောင့်တာဝန်ယူတွေယူခဲ့ပြီး ပြည်သူတွေရဲ့လုံခြုံရေးအတွက် တက်နိုင်တဲ့ဘက်ကနေ ပါဝင်ခဲ့တာတွေ့ရပါတယ်..။

သူထူးစံကတော့လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်ကာ ပြည်သူတွေနဲ့ရပ်တည်နေတဲ့ သူ့ရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်မှာမမျှဝေခဲ့ဲ့တာကြောင့် ပရိသတ်တွေကြားနားလည်မှုလွဲတာတွေရှိခဲ့ပေမယ့် တတ်နိုင်သလောက် အင်တိုက်အားတိုက်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

Photo Credit - Joe - Film Director's Fb Acc
Photo Credit - Joe - Film Director's Fb Acc
Photo Credit - Ngwe Yamin Oo Htwe's Fb Acc
Photo Credit - Ngwe Yamin Oo Htwe's Fb Acc
Photo Credit - Ngwe Yamin Oo Htwe's Fb Acc
Photo Credit - Ngwe Yamin Oo Htwe's Fb Acc

"ကိုသူထူးစံ

ပြည်သူနဲ့အတူ

ထာဝရရှိနေပါတယ်ရှင့် Thu Htoo San. ." ဆိုပြီး တော်လှန်ရေးတိုက်ပွဲကြီးမှာအတူပါဝင်ခဲ့ကြတဲ့ သူမတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို

သရုပ်ဆောင်နွေးယမင်းဦးထွေးက ပြန်လည်မျှဝေထားတာပါ..။

ပရိသတ်တွေကလည်း အားပေးစကားလေးတွေပြောထားကြသလို ပြည်သူတွေနဲ့အတူ ရှေ့ထွက်ကာ လမ်းပေါ်လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတာတွေကို ချီးကျူးအားပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Ngwe Yamin Oo Htwe's Fb Acc
Photo Credit - Ngwe Yamin Oo Htwe's Fb Acc
Photo Credit - Ngwe Yamin Oo Htwe's Fb Acc
Photo Credit - Ngwe Yamin Oo Htwe's Fb Acc

သတင်း အရင်းအမြစ်Ngwe Yamin Oo Htwe's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T