ဖမ်းဆီးထားတဲ့ကျောင်းပေါင်းစုံမှကျောင်းသားတွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုလိုက်တဲ့ ပိုးမမှီသာ

//s9.kh1.co/9c/9cec5d9f94a5226d5e8d2570da09f965476899e1.jpeg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီး  ပိုးမမှီသာကတော့  ကြော်ငြာတွေရိုက်ကူးရင်းနဲ့  ပရိသတ်တွေသတိထားမိလာပြီး  အနုပညာလှုပ်ရှားမှုတွေ  ဆက်တိုက်လုပ်ဆောင်နေတာလည်း  ဖြစ်ပါတယ်။  သူမကတော့  လက်ရှိမြန်မာနိုင်ငံတွင်  ဖြစ်ပေါ်နေတဲ့  လူမှုလှုပ်ရှားမှုတွေကို  ပြည်သူတွေနဲ့အတူ  တက်ကြွစွာ  ပါဝင်လှုပ်ရှားနေတာလည်း  ဖြစ်ပါတယ်။  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း  နေ့စဉ်ဖြစ်ပေါ်နေတဲ့  သတင်းအချက်အလက်တွေကို ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ပိုးမမှီသာရဲ့ Facebook အကောင့်တွင်  ဖမ်းဆီးထားတဲ့ကျောင်းပေါင်းစုံမှကျောင်းသားတွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုနေတာပဲ  ဖြစ်ပါတယ်။  " ဖမ်းဆီးထားတဲ့ကျောင်းအသီးသီးမှကျောင်းသား ကျောင်းသူများကို အမြန်ဆုံးလွှတ်ပေးပါ 

3.3.2021 ကျောက်မြောင်းသပိတ်မှာဖမ်းဆီးသွားတာ တက္ကသိုလ်ကျောင်းအသီးသီးမှကျောင်းသား/သူ ၃၀၀ ကျော်ပါဝင်ပါတယ်။

၂၄ နာရီ ထိန်းသိမ်းထားမယ်လို့ဆိုရာက ၄၈ နာရီ အခုဆို ၇၂ နာရီတောင်မကတော့ပါဘူး 

အင်းစိန်ထောင်မှာလို့သိရပါတယ် 

Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 

ကျောင်းသား/သူများ မိမိရဲ့လွတ်လပ်စွာပြောဆိုပိုင်ခွင့် အပေါ်မှာ အဲ့လောက်ထိကြာမြင့်စွာ ချုပ်နှောင်ထားစရာမလိုပါ ချုပ်နှောင်ထားခွင့်မရှိပါ အပြစ်သားမဟုတ်ပါ

မည်သည့်ပုဒ်မမှလည်းတပ်စရာမလိုပါ တပ်ခြင်းကိုလည်းပြည်သူတစ်ရပ်လုံးမှပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ် 

အခြားသူများနည်းတူ ကျောင်းသား/သူ အားလုံးအပါအဝင် ဖမ်းဆီးထားသူများကိုချွင်းချက်မရှိလွတ်ပေးဖို့ပြင်းပြင်းထန်ထန်တောင်းဆိုလိုက်ပါတယ် 

အရေးတော်ပုံမှာပါဝင်သူတိုင်းတန်ဖိုးရှိပါတယ် ချက်ချင်းချွင်းချက်မရှိပြန်လွှတ်ပေးပါ

" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းကို  တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Poe Mamhe Thar’s Facebook Account 

Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T