မတ်လ ၇ ရက်နေ့ ကျောက်မြောင်းရပ်ကွက်အတွင်းက သပိတ်စစ်ကြောင်း မြင်ကွင်းများ

//s9.kh1.co/ae/ae0c0ab24ed09f5503fc19f995c123749a0be48b.jpg
နေ့စဉ်သတင်းများ

 ၀၇-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့ မတ်လ ၇ ရက်နေ့မှာတော့ ကျောက်မြောင်းရပ်ကွက် အတွင်းမှာ လွတ်လပ်စွာဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်း လှည့်လည်ခဲ့ပါတယ်။

ဒီသပိတ်စစ်ကြောင်းအတွင်းမှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ၊ ရန်ကုန်တက္ကသိုလ်က ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သံဃာတော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များ ၊ လူ့ဘောင်သစ်ပါတီဝင်တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂက အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။

https://s9.kh1.co/__image/w=650,h=299,q=100/13/13fd090e602a5b0ecffb1606663d7fbd83c7b64c.jpg
https://s9.kh1.co/__image/w=650,h=299,q=100/40/40f44a35cf8764356a9e711424b9f25f37bfab76.jpg
https://s9.kh1.co/__image/w=650,h=299,q=100/67/67f7528d4318e6876760f5a2d68d0eb8d26d28f5.jpg

ဒီသပိတ်စစ်ကြောင်းရဲ့ တပ်ဦးအလံရှေ့မှာတော့ လူငယ်တွေက ဒိုင်းတွေနဲ့ ကာဗာယူပေးပြီး ချီတက်ခဲ့တာကို တွေ့ရပါတယ်။

ဒီသပိတ်စစ်ကြောင်းဟာ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီဝန်းကျင်လောက်မှာ ကျောက်မြောင်းရပ်ကွက် ကျားကွက်သစ်လမ်းကနေ စတင်ထွက်ခွာခဲ့တာပဲ ဖြစ်ပြီး သပိတ်စစ်ကြောင်း လှည့်လည်ရာ လမ်းတစ်လျှောက်မှာ ရပ်ကွက်နေပြည်သူတွေကလည်း တခဲနက် ထောက်ခံအားပေးခဲ့တာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=299,q=100/e0/e015ff13858713f04fe570e56961c4a41d017352.jpg
https://s9.kh1.co/__image/w=650,h=299,q=100/14/14939cb6c6fb3431171ba3fe50363eeb1ab1cf98.jpg
https://s9.kh1.co/__image/w=650,h=299,q=100/37/37963e9fa570f1d5fc4e609da4460d82bc94ed0f.jpg

ကျောက်မြောင်းရပ်ကွက် သြဘာလမ်းထိပ်မှာလည်း ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေများစွာရှိနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် ကျားကွက်သစ်လမ်း တစ်လျှောက်မှာလည်း အထိုင်သပိတ်ပြုနေတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေတော့ များစွာရှိနေတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=299,q=100/46/46e81059e2f71f03c1fb7996ca77aa2404f71c95.jpg
https://s9.kh1.co/__image/w=650,h=299,q=100/13/137c34f988ddefc05a21a3c1d22ec83a863e5087.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T