စေတနာရှင်တွေ လှူဒါန်းထားတဲ့ငွေကြေးအချို့ကို လူထုလှုပ်ရှားမှုမှာ ကျဆုံးသွားတဲ့ မောင်အာကာမိုးအတွက်ပြန်လည်လှူဒါန်းလိုက်တဲ့ ချယ်ရီသင်း

//s9.kh1.co/d2/d2c229be9013eb22217491dfc32f6c087a38bf29.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဂီတပြိုင်ပွဲတွေကတစ်ဆင့် အနုပညာလမ်းကြောင်းထက်ကို ဝင်ရောက်လာခဲ့တဲ့ အဆိုတော် ချယ်ရီသင်းက ပရဟိတလုပ်ငန်းကိုလည်း ချစ်မြတ်နိုးသူတစ်ယောက်ပါ။ ချယ်ရီသင်းက သူမရဲ့ အနုပညာငွေကြေးနဲ့ လိုအပ်နေတဲ့ နေရာတွေမှာ ပါဝင်ကူညီအားဖြည့်လေ့ရှိတာ​ကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် အမှန်တရားဘက်က ရပ်တည်လေ့ရှိတဲ့ ချယ်ရီသင်းက လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တာဖြစ်ပါတယ်။

Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account

ချယ်ရီသင်းက လမ်းပေါ်ထွက်ကာ တရားမျှတမှု့အတွက် တောင်းဆိုနေသလို လူထုလှုပ်ရှားမှုမှာ အသက်ပေးကာ တိုက်ပွဲဝင်ခဲ့တဲ့ ညီငယ် ညီမငယ် သူရဲကောင်းတွေအတွက်လည်း ငွေကြေးအင်အားနဲ့ ကူညီထောက်ပံ့ပေးတာကို တွေ့ရပါတယ်။ သူမရဲ့ အလှူမှာ ပါဝင်ချင်တဲ့ ပြည်တွင်းပြည်ပက စေတနာရှင်တွေကိုလည်း အလှူငွေထည့်ဝင်စေတာဖြစ်ပြီး လှူဒါန်းခဲ့တဲ့ ပုံတွေကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ တင်ပေးလေ့ရှိတာပါ။ 

Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account

ယနေ့မှာလည်း ချယ်ရီသင်းက " မြောက်ဥက္ကလာက ဆုံးသွားတဲ့ မောင်လေးအာကာမိုးအတွက် ပြည်တွင်းပြည်ပမှစေတနာရှင်များအားလုံးလှူဒါန်းထားတဲ့ အလှူငွေထဲမှ (၅)သိန်းကျပ်ကိုမောင်လေးရဲ့မိဘထံပို့ပေးပြီးပါပြီ အိမ်အထိအလှူငွေသွားရောက်ပို့ပေးတဲ့ ကိုဟိန်းဇဗ္ဗူကျော်နဲ့ အဖွဲ့သားများ အားလုံးကျေးဇူးအထူးပါ ကောင်းရာသုကတိလားပါစေမောင်လေးရေ " ဆိုတဲ့ စာသားနဲ့အတူ အလှူဖြစ်မြောက်ခဲ့တဲ့ ပုံတွေကိုလည်း တင်ပေးလာတာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account
Photo credit - Cherry Thin's FB account

သတင်း အရင်းအမြစ်Source - Cherry Thin's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T