သဘောထားပြည့်တဲ့မကြီးစိုးကြောင့် ဝမ်းနည်းဝမ်းသာဖြစ်မိပါတယ်ဆိုတဲ့ သရုပ်ဆောင်နိုှင်းယှဉ် 

ပရိသတ်ကြီးရေ မင်းသမီးကြီး စိုးမြတ်သူဇာဟာ အနုပညာသက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သလို

ကျရာဇာတ်ရုပ်မှာပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်တတ်သူမို ့အားပေးချစ်ခင်ကြတဲ့ ပရိသတ်များစွာလည်း ပို်င်ဆိုင်ထားသူဖြစ်ပါတယ်။

အနုပညာလုပ်ဖေါ်ကိုင်ဖက်တွေကပါ လေးစားကြတဲ့ မကြီးစိုးနဲ ့အတူ ဇာတ်ပို ့သရုပ်ဆောင်နိုှင်းယှဉ်ဟာ ချစ်တီးမကြီးများ ရုပ်ရှင်ဇာတ်ကားကြီးကို ပုပ္ပါးမှာ ရိုက်ကူးဖြစ်ခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ကြရင်း မကြီးစိုးရဲ ့အနုပညာမောင်နှမတွေအပေါ်မှာ ထားရှိတဲ့ သဘောထားကို တွေ ့ကြုံခဲ့ရတဲ့ နှိုင်းယှဉ်က

အခုလိုမျိုး လူမှုကွန်ရက်စာမျက်နှာကတဆင့်အခုလိုရင်ဖွင့်လာပါတယ်။ 

"ဒီနေ့ ရိုက်ကွင်းမှာ ဖြစ်လာတဲ့ Feel လေး ၁ခုကို ရေးချင်မိလို့ ရေးပါရစေနော်။

မကြီးစိုး (စိုးမြတ်သူဇာ)ဆိုတာ အရမ်းအရှိန်အဝါကြီးမားသော မင်းသမီးတလက်ပါ။

ဟိုး ဖြတ်လျှောက်ဘဝထဲက မကြီးနဲ့တူတူသရုပ်ဆောင်ရရင် စိတ်ထဲ၁ခုခုကို ကြောက်နေ ရှိန်နေသလို ခံစားနေမိတာ ခုချိန်ထိပါပဲ။

မကြီးနဲ့လဲ အရမ်းတွဲပြီးမရိုက်ဖူးခဲ့ပါဘူး။ အခု ပုပ္ပားမှာ မကြီးနဲ့တွဲပြီး

ချစ်တီးမကြီးများဆိုတဲ့ကားကြီးရိုက်ရတယ်။

အရင်အတိုင်းပဲ ရှိန်နေကြောက်နေတဲ့စိတ်လေးနဲ့ပဲပေါ့။

ဒါပေမယ့် မထင်မှတ်စွာပဲ မကြီးက actor အချင်းချင်းပေါ်မှာ လေးလေးစားစားဆက်ဆံတယ်။

မင်းသမီးနဲ့ဇာတ်ပို့ဆိုပြီး ခွဲခြားနှိမ်ချပြောဆိုခြင်းတစ်စက်မှမရှိဘူး။

ဖေးဖေးမမကြင်ကြင်နာနာနဲ့ အရမ်းပဲ ရင်ထဲမှာဆို့ပြီးဝမ်းသာမိတယ်။

ဒီနေ့ရိုက်တဲ့၂ခန်းလုံး နှိုင်းရှင်အချ ခံရတဲ့အခန်းတွေရိုက်ရပေမယ့် မကြီးက နှိုင်းရှင်ကို မကြောက်နဲ့နော် မကြီးဘာမှမလုပ်ဘူး အေးဆေးနော်

ဆိုပြီးပြောခဲ့တယ်။

တကယ်ရိုက်တော့လဲ လုပ်လို့ရရဲ့သားနဲ့ မလုပ်ပဲညှာခဲ့တယ်။

ညှာတယ်ဆိုပေမယ့် အိုက်တင်ကတော့အပြည့်ပဲ မသိရင် မကြီး တကယ်ပဲဆော်နေသလိုလို။

ဒါပေမယ့် မကြီးအရမ်းညှာခဲ့တယ်။ တခြားသူလုပ်လို့တောင် မကြီးက ကာကွယ်ပြောပေးခဲ့တယ်။

ထမီတွေ အကျီတွေလန်နေတာ ဆွဲဖုံးပေးပြုပေးနဲ့ ။

ဒီနေ့ ဖြစ်လာတဲ့ ခံစားချက်ကြီးက ဝမ်းနည်းဝမ်းသာကြီးပါ။ သြော် ငါတို့လို ဘာမဟုတ်တဲ့ ဇာတ်ပို့တွေအပေါ်မှာ လူလူခြင်းညှာတာစာနာစိတ်ထားပေးတတ်တဲ့ မကြီးပါလားလို့ တွေးပြီး အရမ်းကျေးဇူးတင်မိတယ်။

မကြီးရဲ့ စိတ်ကို မလေးစားပဲလဲမနေနိုင်ဘူး ရင်ထဲမှာ အမြဲမှတ်ထားပါ့မယ် မကြီး။

မကြီးနဲ့ fb မှာ friend လဲမဟုတ်ပါဘူး။ မြင်စေချင်တဲ့ဆန္ဒနဲ့ရေးတာလဲ မဟုတ်ပါဘူး။ နှိုင်းရှင်ရဲ့ fb ဟာ နှိုင်းရှင်ရဲ့ ဒိုင်ယာရီပါ။ feel ဖြစ်လာတိုင်း ဘယ်လို feel မျိူ းမဆို ဒီဒိုင်ယာရီလေးထဲမှာ ရင်ဖွင့်မယ် ပေါက်ကွဲမယ်။ ဒါ ဒီနေ့ နှိုင်းရှင်ရဲ့ feel လေးပေါ့" လို ့ပြောပြခဲ့တာပဲဖြစ်ပါတယ်။

ချစ်တီးမကြီးများရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးပုံဖေါ်နေတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ ့ခန် ့စည်သူ၊ ဟိန်းဝေယံ၊

ဇေရဲထက်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ပိုင်ဖြိုးသု နဲ ့အခြားအနပညာရှင်များစွာ ပါဝင်ထားကြပါတယ်။ 

သတင်းအရင်းမြစ် နှိုင်းယှဉ်ဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။