ကျဆုံးသွားတဲ့သူရဲကောင်းတွေအပြင် ကံကောင်းစွာအသက်ရှင်ခဲ့တဲ့ ပြည်သူ့သူရဲကောင်းလေးတွေကိုလည်း မမေ့မလျော့လှူဒါန်းနေတဲ့ ချယ်ရီသင်း

//s9.kh1.co/3f/3f1f62c154aaf82c5029351d05682b6076d14798.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဂီတအနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာ ရပ်တည်လျှောက်လှမ်းနေတဲ့အဆိုတော်မလေး ချယ်ရီသင်းကတော့ လက်ရှိမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး တတ်နိုင်တဲ့ဘက်ကနေ လှုပ်ရှားမှုတွေ ပြုလုပ်နေသူလေးပါ..။

လမ်းပေါ်ထွက်ကာကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားမှုတွေပြုလုပ်နေတဲ့အပြင် အလှူလေးတွေလည်းဆက်တိုက်ပြုလုပ်ပြီး အဖက်ဖက်ကနေ ပြည်သူတွေနဲ့ရပ်တည်တဲ့ ချယ်ရီသင်းဟာ လတ်တလောမှာလည်း အင်တိုက်အားတိုက်နဲ့ နိုင်သလောက်တာဝန်ထမ်းပါဝင်နေတာ တွေ့ရပါတယ်..။

Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc

ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် ဖေးမလှူဒါန်းမှုတွေအပြင် ကံကောင်းစွာနဲ့အသက်ရှင်နေခဲ့တဲ့ ပြည်သူ့သူရဲကောင်းလေးတွေကိုလည်း မမေ့မလျော့ဘဲတက်နိုင်သလောက် အားပေးကူညီနေတာကိုလည်း ပရိသတ်တွေထပ်မံမြင်တွေ့ရမှာပါ..။

တော်လှန်ရေးတိုက်ပွဲကြီးမှာကျည်ဆံထိမှန်ခဲ့ပြီး အသက်မဆုံးရှုံးခဲ့ပေမယ့်လည်း သရက်ရွက်ထိခိုက်ပျက်စီးသွားပြီး အချိန်အတော်ကြာဆေးကုသမှုခံယူရတော့မယ့် မြောက်ဥက္ကလာက အသက်(၁၉)နှစ်အရွယ် သူရဲကောင်းလူငယ်လေးဇွဲပြည့်စုံအတွက်လည်း အလှူငွေတွေလှူဒါန်းခဲ့ပြန်ပါတယ်..။

Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc

"မြောက်ဥက္ကလာကမောင်လေး ဇွဲပြည့်စုံအတွက်ပြည်တွင်းပြည်ပမှစေတနာရှင်များလှူဒါန်းထားတဲ့အလှူငွေထဲမှ မောင်လေးရဲ့မေမေကို (၃) သိန်းလှူဒါန်းပေးလိုက်ပါတယ်

အိမ်အထိအလှူငွေသွားရောက်ပို့ဆောင်ပေးတဲ့ ငြိမ်း ကိုလည်းကျေးဇူးအထူးတင်ပါတယ်?

အမြန်နေကောင်းပါစေငါ့မောင်ရေ?

ချယ်ရီ သင်း.." ဆိုပြီး အလှူလေးကိုလည်း ဝေမျှထားတာ ဖြစ်ပါတယ်..။

အခုလိုအားတက်သရော လှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်နေတဲ့ချယ်ရီသင်းတို့အဖွဲ့ရဲ့ အလှူလေးကိုလည်း ပရိသတ်တွေက သဘောကျကာသာဓုခေါ်ဆုတောင်းစကားလေးတွေနဲ့အတူ ချီးကျူးနေကြတာ တွေ့ရပါတယ်..။

Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc

သတင်း အရင်းအမြစ်Cherry Thin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T