Creativityအရမ်းကောင်းတဲ့ လူငယ်တွေဆုံးရှုံးရတိုင်း မျက်ရည်ကျရ၊ ဒေါသထွက်ရတာမို့ ထိပ်တိုက်မတွေ့ကြဖို့တောင်းပန်လိုက်တဲ့ ပိုင်ဖြိုးသု

//s9.kh1.co/bb/bb73fa7c8bcfb1e3606e77657017e133d26b784f.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

Creativityအရမ်းကောင်းတဲ့ လူငယ်တွေဆုံးရှုံးရတိုင်း မျက်ရည်ကျရ၊ ဒေါသထွက်ရတာမို့ ထိပ်တိုက်မတွေ့ကြဖို့တောင်းပန်လိုက်တဲ့ ပိုင်ဖြိုးသု

ပြည်သူတွေကတော့ နွေဦးတော်လှန်ရေးကို နေရာအနှံ့အပြားမှာ နေ့စဥ်ရက်ဆက်ပြုလုပ်နေကြတာဖြစ်ပြီး လူထုလှုပ်ရှားမှုပြုလုပ်ရင်း အသက်ပေးခဲ့ရသူတွေ များစွာရှိနေခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေခဲ့ပါတယ်။ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်နေကြသူတွေဖြစ်ပြီး ပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေးကို တက်တက်ကြွကြွပါဝင်လုပ်ဆောင်ခဲ့ကြသူတွေပဲဖြစ်ပါတယ်။

photo credit: paing phyoe thu 's facebook page
photo credit: paing phyoe thu 's facebook page
photo credit: paing phyoe thu 's facebook page
photo credit: paing phyoe thu 's facebook page

တတ်ကျွမ်းတဲ့ဆေးပညာနဲ့ ကျန်းမားရေးမကောင်းသူတွေကိုလည်း အခမဲ့ဆေးကုသပေးခဲ့တဲ့ ပိုင်ဖြိုးသုကတော့ ပြည်သူတွေသတိထားရမယ့် အချက်လေးတွေကိုလည်း လူမှုကွန်ယက်ထက်မှာ ပြန်လည်မျှဝေပေးလေ့ရှိပါတယ်။ ပိုင်ဖြိုးသုကတော့ Creativityအရမ်းကောင်းတဲ့ လူငယ်တွေဆုံးရှုံးရတိုင်း မျက်ရည်ကျရ၊ ဒေါသထွက်ရလို့ ထိပ်တိုက်မတွေ့ကြဖို့တောင်းပန်လိုက်ပါတယ်။ သူမကတော့   နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ပြည်သူတွေအားလုံးSafeဖြစ်စေမယ့် နည်းလမ်းကောင်းလေးကို ပြောပြလာခဲ့ပါတယ်။

photo credit: paing phyoe thu 's facebook page
photo credit: paing phyoe thu 's facebook page
photo credit: paing phyoe thu 's facebook page
photo credit: paing phyoe thu 's facebook page

ပိုင်ဖြိုးသုကတော့ " Gen Z လေးတွေရေ...ဒေါ်သုက90 bornဆိုတော့ ရှင်တို့လေးတွေအတွက်တော့ Gen Y အစ်မကြီးပေါ့ (အန်တီတော့မခေါ်နဲ့နော် ငါစိတ်ကောက်မှာ! ကြိုပြောထားတယ်..ဟုတ်တယ်!!!)အကြမ်းဖက်စစ်အုပ်စုက အာဏာကောက်သိမ်းလိုက်တဲ့အချိန်မှာမကြီးတို့တွေ ရုတ်တရက်ဘာလုပ်ရမှန်းကိုမသိဖြစ်ခဲ့တာ( ကြောက်ခေတ်မှာကြီးခဲ့တော့နိုင်ငံရေးလည်းနားမလည်ဘူးလေ ဟိုဘက်ကယုတ်မာတယ်ဆိုတာပဲသိတာ နင်တို့လူယုတ်မာတွေလို့အော်နေရုံနဲ့လည်းသူတို့ကအာဏာပြန်ပေးမှာမဟုတ်)အဲ့မှာကံကောင်းထောက်မစွာနဲ့ ကို"မင်းကိုနိုင်"ဆီကအမှာစကားvideoတွေထွက်လာတယ် Gen Zတို့ရဲ့"ရော့...အဲ့မှာတစ်ကွက်" ဆိုတဲ့အကွက်ပေါင်းများစွာပေါ်ပေါက်လာတယ်...CDM heroesကြီးတွေထွက်လာတယ်...အစကဒါမတရားမှု ယုတ်မာမှုမို့ လက်မခံနိုင်ဘူး(နိုင်နိုင်ရှုံးရှုံးငါကမှန်တဲ့ဘက်မှာပဲနေမှာ ဆိုတာကနေ ငါတို့မှန်တဲ့ဘက်ကနိုင်မှာဆိုတဲ့အထိယုံကြည်ချက်ပြင်းလာခဲ့တယ်)...အခုဆို CRPHရဲ့ကစားကွက်တွေပါတစ်ကွက်ပြီးတစ်ကွက်ထွက်လာ‌နေပြီဆိုတော့ မကြီးသုတို့ဘက်ကဒီလောက်အားသာနေပြီကွယ်...နိုင်ကိုနိုင်မှာ!!!ကလေးတွေ သတ္တိအရမ်းကောင်းတာ creativityအရမ်းကောင်းတာကိုလည်း မကြီးတို့GenY တွေ GenX တွေသာမက ကမ္ဘာကပါသိနေကြပါပြီ...အခုမကြီးသု ကလေးတွေကိုတောင်းပန်ချင်တာက သူတို့နဲ့တတ်နိုင်သလောက်ထိပ်တိုက်မတွေ့ကြပါနဲ့တော့...ကလေးတွေက"တွဲတိုင်းမှာစက်ခေါင်းပါသည်" ဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားမှန်းသိပါတယ်...ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် အကောင်းဆုံးတော်လှန်နိုင်တယ်ဆိုတာလည်းယုံပါတယ်...ဒါပေမယ့်အခုကကာလရှည်ကြာတိုက်ရမယ့်တိုက်ပွဲဖြစ်တာမို့ အန္တရာယ်ကိုကြည့်ရှောင်ပါ...ကိုမင်းကိုနိုင်" ပြောသလိုမိမိကျွမ်းကျင်တဲ့နေရာမှာ လုံခြုံတဲ့နေရာမှာ ဆန္ဒဖော်ထုတ်ပါ...အကြမ်းဖက်သမားတွေလာရင်ထိပ်တိုက်ရင်မဆိုင်ပါနဲ့ ရှောင်ပါ...Gen Zတွေရဲ့ခေတ်မှာ ကမ္ဘာသိအောင်လုပ်ဖို့ဒီလောက်လွယ်တာ "ငါတို့သွေးမအေးဘူးနော် ဆန္ဒပြနေတုန်း..တွေ့လား "ဆိုတဲ့သက်သေအနေနဲ့လူစုပြီးတာနဲ့ဓါတ်ပုံရိုက်ပါ ကိုယ့် social media platformပေါ်တင်ပေးပါ ( ပြောသာပြောရတာပါ Gen Z တွေက မကြီးတို့ထက်လည်ပါတယ်)ကိုယ်တွေဓါတ်ပုံရပြီးမှ ဟိုကောင်တွေလာရင်ရှောင်နေလိုက်တော့...သူတို့ကိုပြန်နေလှန်းထားလိုက်...ကိုယ့်ကလေးတွေကအေးဆေးပြန်နား...သူတို့တောင် သူတို့ TV channelအစုတ်နှစ်ခုကနေဇွတ်တွေတိုင်းပြည်ငြိမ်းချမ်းကြောင်းလေ့ကျင့်ခန်းတွေလုပ်ပြသေးတာပဲ...ကိုယ်တွေကလည်းမနက်ပိုင်းမှာ ဓါတ်ပုံ ၁၇၆ပုံလောက်ရိုက်လာပြီး social media platformမှာတစ်နေကုန်ထိုင်တင်နေလေ...ဟုတ်ဘူးလား? မသိရင်တစ်နေကုန်သပိတ်မှောက်နေပါတယ်ပေါ့...အဓိက ကတော့ကလေးတွေကိုအနာမခံစေချင်တော့ဘူး...ကလေးတစ်ယောက်ဆုံးရှုံးသွားတိုင်းမကြီးတို့တွေအားလုံးငိုရတယ်...ကလေးတစ်ယောက်ကိုဖမ်းသွားတိုင်းမကြီးတို့အားလုံးစိတ်ပူရတယ်...ဒေါသတွေထွက်ရတယ်...မကြီးတို့မဆဲတတ်ခဲ့သမျှ အခုတော်တော်ဆဲတတ်နေပါပြီ....အရေးကြီးဆုံးကတော့ ကိုယ့်ကလေးတွေ safeဖြစ်ဖို့ပါပဲ....ကလေးတွေထုတ်သုံးလာမယ့် "ရော့...အဲ့မှာတစ်ကွက်" ပေါင်းများစွာကိုမျှော်လင့်နေမယ်နော်...ကလေးတွေကိုစိတ်ပူလို့ပြောတာကို စဆရကလုပ်တယ်ဆိုပြီး မကြီးကိုမဆဲကြနဲ့နော် GenY မကြီးသု "ဆိုပြီး ရေးသားထားပါတယ်။

Source : paing phyoe thu 's facebook page

photo credit: paing phyoe thu 's facebook page
photo credit: paing phyoe thu 's facebook page
photo credit: paing phyoe thu 's facebook page
photo credit: paing phyoe thu 's facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T