မော်ဒယ်လ် စူးရှထက်ကတော့ အရေးတော်ပုံကာလမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ စူးရှထက်က သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ကာ တရားမျှတမှုအတွက် အပင်ပန်းခံပြီး ပြည်သူတွေနဲ့အတူ တောင်းဆိုနေသလို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာလည်း စာသားအချို့နဲ့ ကူညီအားဖြည့်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လူထုလှုပ်ရှားမှုကြောင့် မောပန်းနေတဲ့ ပြည်သူတွေကို သူမရဲ့ ချွေးနည်းစာနဲ့ မုန့်တွေပေးဝေလှူဒါန်းတာလည်း တွေ့ရပါတယ်။


စူးရှထက်က သူမရဲ့ လူထုလှုပ်ရှားမှုပုံတွေကို ဖေ့ဘွတ်အကောင့်မှာ တင်ပေးလေ့ရှိတာဖြစ်ပြီး မကြာသေးတဲ့ နာရီပိုင်းအချိန်ကလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ ယောကျာ်းလေးတွေနဲ့ တန်းတူ ဒိုင်းကိုင်ကာ နိုင်ငံကောင်းစားဖို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ခဲ့တဲ့ ပုံတွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့တဲ့ စူးရှထက်ရဲ့ ပုံတွေကို ချစ်ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


စူးရှထက်က သူမရဲ့ လူထုလှုပ်ရှားမှုပုံတွေအပြင် " ၇-၃-၂၀၂၁ ကျွန်မချစ်တဲ့ ပြည်သူ့တွက်ယောကျာ်းဆန်သင့်လဲဆန်ရမယ် အရေးတော်ပုံအောင်ရမည် " ဆိုတဲ့ စာသားကိုလည်း ရေးသားလာခဲ့ပါတယ်။ နိုင်ငံအရေးမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ မော်ဒယ်လ် စူးရှထက်ရဲ့ ပုံတွေနဲ့ စာသားအချို့ကို ကြည့်ပြီး ပရိသတ်တွေကလည်း ကောမန့်မှာ အားပေးစကားနဲ့ အရေးတော်ပုံအောင်မြင်ဖို့အတွက် ဆုတောင်ပေးခဲ့ကြဖို့ တောင်းဆိုလိုက်ပါတယ်။


သတင်းအရင်းမြစ်: Source - Zar Chi's FB account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။