အသက်ဆုံးရှုံးမှာကိုမမူဘဲ လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအတွက် စိတ်ခွန်းအားဖြစ်စေမယ့် စာလေးတစ်စောင်ရေးသားဖော်ပြလိုက်တဲ့ ဒေါင်း

//s9.kh1.co/79/79b18a8ec2367889cbf6f928db74d3064eb26977.jpeg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.......

ဖေဖော်ဝါရီ (၁) ရက်နေထဲကစတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့လူထုလှုပ်ရှားမှုကြီးဟာဆိုရင်ဖြင့် အစပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းရှိနေခဲ့ပေမယ့်ခုဆိုရင် ဖြိုခွင်းခံရမှုတွေ အပစ်အခတ်တွေကြောင့် ပြည်သူတွေ အသက်အိုးအိမ်ဆုံးရှုံးမှုတွေများစွာနေရာအနှံအပြားမှာကြုံတွေ့နေရပါပြီ။လူငယ်တွေကလည်း သူတို့အသက်ကိုပင်ပေးကာ ရဲရင့်စွာ ဒီနေ့ဒီချိန်ထိ ဉာဏ်စွမ်းရှိသ၍ တွန်းလှန်နေကြတာလည်းဖြစ်ပါတယ်။

Photo Credit : Daung Facebook Page 
Photo Credit : Daung Facebook Page 
Photo Credit : Daung Facebook Page 
Photo Credit : Daung Facebook Page 

ကြွေလွင့်သွားရတဲ့ သူရဲကောင်းတွေရဲ့သတင်းတွေတတ်လာတိုင်းလည်း ပြည်သူအားလုံးဟာ သွေးမတော်သားမစပ်ကြပေမယ့်လည်း အားလုံးက မျက်ရည်ကျသည်ထိဝမ်းနည်းခဲ့ကြရပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေအားလုံးက အသက်ပေးသွားရှာတဲ့ သူရဲကောင်းလေးတွေကို ခုဆိုရင်ညတိုင်းမိမိတို့နေထိုင်ရာ လမ်းလေးတွေမှာ ဖယောင်းတိုင်များထွန်းကာ ဝမ်းနည်းကြောင်းဖော်ပြခဲ့ကြပါတယ်။

Photo Credit : Daung Facebook Page 
Photo Credit : Daung Facebook Page 
Photo Credit : Daung Facebook Page 
Photo Credit : Daung Facebook Page 

​ပြည်သူလူထုတွေပါမက အနုပညာရှင်တွေကလည်း တစ်သားထဲပါဝင်ကာ ရရာနေရာကနေ အားဖြည့်ကူညီနေကြလို့လည်း ဒီလှုပ်ရှားမှုကြီးက အသက်ဝင်နေခဲ့တာဒီနေ့ထိပါပဲ။အခုလည်း ဒေါင်းက လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအတွက် စိတ်ခွန်အားရရှိစေရန် တန်ဖိုးရှိတဲ့စာလေးတွေကိုရေးစပ်ကာဖော်ပြခဲ့ပါတယ်။စာလေးကတော့ " အာဏာသူပုန်များဟာ ပြည်သူအပေါ်ပုံစံအမျိုးမျိုးနဲ့ခြိမ်းခြောက်မယ့်လမ်းစဉ်သွေးကွဲစေမယ့်လမ်းစဉ်လက်နက်အားကိုအကြမ်းဖက်မဲ့လမ်းစဉ်ပဲသုံးတယ်ပြီးရင်စည်းရုံးရေးလမ်းစဉ်ကိုသုံးမယ်သေချာတာကျွန်တော်တို့သူ့ကျွန်မခံစိတ်နဲ့မအောင်မချင်း တော်လှန်ကြမယ်ကျွန်တော်တို့ဘက်မှာ ဂုဏ်သိက္ခာနဲ့အမှန်တရားစည်းလုံးခြင်းနဲ့ချစ်ခြင်းမေတ္တာတရားရှိတယ် ဒါဟာသူပုန်တွေအတွက် အထိအနာဆုံး။ အာဏာရူးသူပုန်များရဲ့အလိုလားဆုံးဟာ ကျွန်တော်တို့ပြိုကွဲသွားဖို့၊ပြည်သူအချင်းချင်းစည်းလုံးခြင်း ချစ်ခြင်းမေတ္တာတရားပျက်ဆီးအောင် ပုံစံအမျိုးမျိုး၊သတင်းအမျိုးမျိုးနဲ့ တိုက်ခိုက်မှာပါ။ ကျွန်တော်တို့ပြည်သူတွေ အစစအရာရာသတိထားကြရအောင်နော်။"ပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Daung Facebook Page 
Photo Credit : Daung Facebook Page 
Photo Credit : Daung Facebook Page 
Photo Credit : Daung Facebook Page 

Source & Photo Credit : Daung Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T