လမ်းပေါ်ထွက်သူရဲကောင်းပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ဖို့ အစစအရာရာကိုယ်တိုင်ပြင်ဆင်နေတဲ့ သဇင်ထူးမြင့်ရဲ့ဗီဒီယို

//s9.kh1.co/b7/b7bdd3120dba754e0db42cec2cc934e5fe51b1bb.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

အနုပညာလောကမှာ လူငယ်ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားတဲ့ အနုပညာရှင်သရုပ်ဆောင်မင်းသမီးချောလေး သဇင်ထူးမြင့်ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့ ရပ်တည်နေသူလေးပဲ ဖြစ်ပါတယ်..။

သဲလို့ ချစ်စနိုးခေါ်ကြတဲ့ သဇင်ထူးမြင့်ကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ကိုယ်တိုင်ကိုယ်ကျလမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ပြုလုပ်နေပြီးအားကြိုးမာန် အားဖြည့်ပါဝင်နေသူလေးလည်းဖြစ်သလို လှူဒါန်းမှုတွေလည်း ပြုလုပ်နေသူလေးပါ..။

Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc

သဲကတော့ နေ့ရက်တိုင်းလိုလိုမှာ လှူဒါန်းမှုတွေပြုလုပ်နေပြီး ပြည်သူ့သူရဲကောင်းလေးတွေအတွက် မနက်ဖြန်မှာလည်း ကြာဇံကြော်နဲ့ ရေခဲချောင်းတွေလည်း လှူဒါန်းသွားဖို့ ရှိတဲ့အကြောင်းလေးကိုလည်း ပြောပြထားပါတာ တွေ့ရပါတယ်..။

မနက်ဖြန်အတွက် ကြာဇံကြော်နဲ့ ရေခဲချောင်းအလှူလေးကိုတော့ လူအယောက်၅၀၀စာ လှူဒါန်းသွားမှာဖြစ်ပြီး အလှူလေးအတွက် အစစအရာရာ ကိုယ်တိုင်ပြင်ဆင်ပြီး လိုအပ်တာတွေကို ဈေးဝယ်နေတဲ့ပုံရိပ်လေးတွေကို ဗီဒီယိုဖိုင်လေးနဲ့ ဝေမျှထားပါသေးတယ်..။

Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc

"မနက်ဖြန်အလှူအတွက် ဈေးဝယ်.." ဆိုပြီး အလှူအတွက်ဈေးဝယ်ပြင်ဆင်နေတဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို သဲက သူမရဲ့လူမှုကွန်ယက်ကနေ ပရိသတ်တွေကို ဝေမျှပြောပြထားတာဖြစ်ပြီး အင်တိုက်အားတိုက်ပါဝင်နေတာပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေကလည်း သဲတစ်ယောက်အခုလို တတ်နိုင်သလောက် အားတက်သရောပါဝင်အားဖြည့်နေတာလေးတွေကို ချီးကျူးစကားလေးတွေနဲ့အတူ အားပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc

သတင်း အရင်းအမြစ်Thazin Htoo Myint's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T