မြောက်ဥက္ကလာမှာ ကျဆုံးသွားတဲ့သူရဲကောင်းတွေကို သွားရောက်အလေးပြုရင်း ပြည်သူတွေသွေးမအေးသွားကြဖို့ ပြောလိုက်တဲ့ မင်းမော်ကွန်း

//s9.kh1.co/1c/1c2cd7836e20baef3693c5d465cf9272c832374b.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

မြောက်ဥက္ကလာမှာ ကျဆုံးသွားတဲ့သူရဲကောင်းတွေကို သွားရောက်အလေးပြုရင်း ပြည်သူတွေသွေးမအေးသွားကြဖို့ ပြောလိုက်တဲ့ မင်းမော်ကွန်း

ပြည်သူလူထုကတော့ အခက်အခဲတွေများစွာရှိကြပေမယ့်လည်း  စိတ်အားထက်သန်မှုအပြည့်နဲ့ နွေဦးတော်လှန်ရေးကို နေရာဒေသကိုယ်စီမှာ ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ယနေ့မှာတော့ နွေဦးတော်လှန်ရေးကို ဆင်နွှဲကြရင်း ပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ အနုပညာရှင်တွေများစွာကလည်း ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ရုံသာမက နိုင်ငံအတွက် အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေအတွက်လည်း အလှူငွေတွေ လှူဒါန်းပေးလေ့ရှိပါတယ်။

Photo  credit: kyaw kyaw htay lwin ' s facebook acc
Photo credit: kyaw kyaw htay lwin ' s facebook acc
Photo  credit: kyaw kyaw htay lwin ' s facebook acc
Photo credit: kyaw kyaw htay lwin ' s facebook acc

ပြည်သူတွေရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ မင်းမော်ကွန်းကတော့ လူထုလှုပ်ရှားမှုတွေစတင်တဲ့နေ့ကတည်း ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့မှာတော့ မင်းမော်ကွန်းတစ်ယောက် မြောက်ဥက္ကလာမှာပြုလုပ်နေတဲ့ နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။  သူကတော့ မြောက်ဥက္ကလာမှာ ကျဆုံးသွားတဲ့သူရဲကောင်းတွေကို ကိုယ်တိုင်သွားရောက်အလေးပြုရင်း ပြည်သူတွေသွေးမအေးသွားကြဖို့ ပြောလိုက်ပါတယ်။

Photo  credit: kyaw kyaw htay lwin ' s facebook acc
Photo credit: kyaw kyaw htay lwin ' s facebook acc
Photo  credit: kyaw kyaw htay lwin ' s facebook acc
Photo credit: kyaw kyaw htay lwin ' s facebook acc

မင်းမော်ကွန်းကတော့ " မြောက်ဥက္ကလာ ဒီနေ့မနက်ပိုင်းအခြေအနေ "ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ သွေးမအေးကြဖို့ ပြည်သူတွေကို ပြောနေတဲ့ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ နွေဦးတော်လှန်ရေးပြုလုပ်နေကြတဲ့ ပြည်သူပြည်သားတွေအားလုံး ဘေးရန်အသွယ်သွယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source : kyaw kyaw htay lwin ' s facebook acc

Photo  credit: kyaw kyaw htay lwin ' s facebook acc
Photo credit: kyaw kyaw htay lwin ' s facebook acc
Photo  credit: kyaw kyaw htay lwin ' s facebook acc
Photo  credit: kyaw kyaw htay lwin ' s facebook acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T