စမ်းချောင်းမြို့နယ် မင်းလမ်းအတွင်း ရပ်ကွက်နေပြည်သူများကို အသံဗုံးများ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်

//s9.kh1.co/6b/6bf23585f89fb42e4f75a9520af5a0070e202614.jpg
နေ့စဉ်သတင်းများ

 ၀၇-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ခုလက်တလောအခြေအနေအရ မြို့နယ်အသီးသီးတွင် ပြည်သူများဟာ လူထုလှုပ်ရှားမှုများပြုလုပ်လျက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြနေကြပါတယ်။ နေရာအသီးသီးမှာလဲ ရံဖန်ရံခါဆိုသလို အင်အားသုံး ဖြိုခွင်းခံရမှုတွေရှိပါတယ်။ သို့သော် ပြည်သူတွေအနေနဲ့ ဖြိုခွင်းချိန်မှာ ဆုတ်ခွာပြီး အခြေအနေ တည်ငြိမ်တဲ့အခါ ပြန်လည်စုစည်းကာ ဆက်လက် ဆန္ဒပြလျက်ရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=1150,q=100/29/2914a82e850e14110b4cb4b82c036d5d35d1fad9.jpg
https://s9.kh1.co/__image/w=650,h=867,q=100/e8/e84bf12c44d8a6f5bfc730c7bf9a40555ed4f08d.jpg

အဲ့လိုမြို့နယ်တွေထဲမှာ စမ်းချောင်းဟာလဲ တစ်မြို့နယ်အပါအ၀င်ဖြစ်ပါတယ်။ မတ်လ(၇)ရက်နေ့မှာတော့ ရန်ကုန်မြို့စမ်းချောင်းမြို့နယ် မင်းလမ်းအတွင်း ရပ်ကွက်နေပြည်သူသို့ မျက်ရည်ယိုဗုံးများနဲ့ အသံဗုံးများကို မိုးပေါ်ထောင် ပစ်ဖောက်ခဲ့ကြောင်း သိရပါတယ်။ "သူတို့က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သပိတ်ကို ပစ်တာမဟုတ်ဘဲ ရပ်ကွက်အတွင်းပစ်တာပါ ။ မျက်ရည်ယိုဗုံးတွေကော အသံဗုံးတွေကော ထောင်ပစ်တယ်၊ လမ်းထိပ်မှာရှိနေတဲ့ ဆိုက်ကားသမားကို ဖမ်းသွားတယ်၊လက်ဖက်ရည်ဆိုင်ကိုလည်း နည်းနည်းဖျက်ဆီးသွားတယ်၊ဒိုင်းတွေလည်းယူသွားတယ် " လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=1046,q=100/3c/3cf892ae0eaa26c0d65c259457165f097f3cd85c.jpg
https://s9.kh1.co/__image/w=650,h=795,q=100/d9/d99267db92d8584db345c9e72e8a91a08835bf49.jpg

နေ့စဉ်ဆက်တိုက်ဆိုသလို စမ်းချောင်းမြို့နယ်မှာ အင်အားသုံး ဖြိုခွင်းခံရလျက်ရှိနေပါတယ်။ သို့သော် စမ်းချောင်းက ပြည်သူတွေကလဲ နေ့စဉ်အခုလိုမျိုး လှူတဲ့သူကလှူနေသလို ဆန္ဒပြတဲ့သူကလဲ ဆက်လက်ပြသလျက်ရှိပြီး ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှုများ ပြုလုပ်နေလျက်ရှိပါတယ်။ တခြားသောမြို့နယ်တွေမှာလဲ အလားနည်းတူ ဖြိုခွင်းခံရပေမယ့် ဆက်လက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/78/782e8b627afe89ff5aa34fd8ea4ca4617c60c0df.jpg
https://s9.kh1.co/__image/w=650,h=1030,q=100/97/977f16c2d06e292dc348fd5f9a526eea3320c67a.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T