(၇.၃.၂၀၂၁)ရက်နေ့မှာ စမ်းချောင်းမြို့နယ်ရှိလူထုလှုပ်ရှားမှုတွင်ပါ၀င်နေကြသူများနဲ့အတူခွန်အားဖြည့်သီချင်းတွေသီဆိုအားပေးနေကြတဲ့မြင်ကွင်းများ

//s9.kh1.co/7e/7e9c07ba007fdfcad93d60856ba695f141e33bf1.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖေဖော်ဝါရီ (၁)ရက်နေ့တည်းကစတင်ပြီးဖြစ်ပွားခဲ့တဲ့အခြေအနေအရပ်ရပ်ကို ပြည်သူလူထုအနေနဲ့သိမြင်ကြပြီးဖြစ်မယ်ထင်ပါတယ်။ အခုလိုဖြစ်ပေါ်လာတဲ့ အခြေအနေအရပ်ရပ်ကြောင့်လည်း ပြည်သူတွေဘက်ကနေ တတ်နိုင်သရွေ့လူထုလှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားမှာလည်းတွေ့မြင်နိုင်ပါတယ်နော်....။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

လူထုလှုပ်ရှားမှုတွေအားကောင်းလာတာနဲ့အမျှ တစ်ဖက်မှာလည်း ဖြိုခွင်းမှုတွေကိုဆက်တိုက်ဆိုသလို မြို့နယ်အနှံ့အပြားမှာပြင်းပြင်းထန်ထန်လုပ်ဆောင်လာကြတာကိုတွေ့မြင်ရပါတယ်။ ဖြိုခွင်းမှုတွေဆက်တိုက်လုပ်နေကြပေမယ့်လည်း ပြည်သူလူထုဟာအားလျော့သွားခြင်းမရှိပဲ တက်ညီလက်ညီနဲ့ အကာအကွယ်ကိုယ်စီ၀တ်ဆင်ကြကာ လူထုလှုပ်ရှားမှုကြီးကိုဆက်လက်လုပ်ဆောင်နေကြတာဖြစ်ပါတယ်.....။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

ဒီနေ့ (၇.၃.၂၀၂၁)ရက်နေ့မှာဆိုရင်လည်း ပြည်သူလုထုဟာ လူထုလှုပ်ရှားမှုတွေကိုကြိုးစားလုပ်ဆောင်နေကြတာဖြစ်ပြီး ရန်ကုန်မြို့ရှိမြို့နယ်တိုင်းလိုလိုမှာလည်းတက်ကြွစွာလှုပ်ရှားနေကြတာကိုတွေ့ရပါတယ်နော်။ အခုဆိုရင်ရန်ကုန်မြို့ရှိ စမ်းချောင်းမြို့နယ်မှာ လူထုလှုပ်ရှားမှုမှာတက်ကြွစွာပါ၀င်နေကြတဲ့ လူငယ်အချို့ရဲ့ မြင်ကွင်းပုံရိပ်တွေကိုလည်း ပရိသတ်ကြီးအတွက် Myanmarload mediaကနေဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

သတင်း အရင်းအမြစ်Myanmarload TV

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T