လုထုလှုပ်ရှားမှုမှာ အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေနဲ့ ဒဏ်ရာရပြည်သူတွေကို ကိုယ်တိုင်အလှူငွေများ သွားရောက်လှူဒါန်းပေးခဲ့တဲ့ ပိုပို

//s9.kh1.co/5f/5fb6dc7f7274f8dae08ef81c3706db0f240df2af.jpeg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

....

၂၀၂၁ ဖေဖော်ဝါရီလ (၁) ထဲက မြန်မာနိုင်ငံမှာစတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးဟာခုဆိုရင် ပစ်ခတ်မှုတွေနဲ့ကြုံတွေ့နေရတာကြောင့် အသက်ပေးသွားရသူတွေလည်းမနည်းသလို ဒဏ်ရာရရှိသူတွေလည်း တစ်ရက်ထက်တစ်ရက်များပြားလျက်ရှိပါတယ်။လူငယ်တွေကလည်း ယုံကြည်ချက်တွေအတွက် မိမိတို့အသက်ကို မမုဘဲ ခုချိန်ထိ တိုက်ပွဲဝင်နေကြတာလည်းဖြစ်ပါတယ်။

Photo Credit : Po Po Facebook Account
Photo Credit : Po Po Facebook Account
Photo Credit : Po Po Facebook Account
Photo Credit : Po Po Facebook Account

အများစုဟာ Gen Y Gen Z လူငယ်တွေဖြစ်တာကြောင့် လှုပ်ရှားမှုပြုလုပ်နေတဲ့ သူတို့လေးတွေအတွက် မိသားစုတွေကလည်း စိတ်ပူပန်စွာအိမ်အပြန်လာကိုစောင့်နေကြတာလည်းတွေ့မြင်ရပါတယ်။လမ်းပေါ်ကပြည်သူပြည်သားတွေကလည်း အားလုံးဝိုင်းကူကာ ရရာနေရာကနေ စုပေါင်းကူညီပေးသလို အစားအသောက်ကအစ ပံ့ပိုးပေးနေကြတာလည်းတကယ်ကို ကြည်နူးပီတိဖြစ်စရာပါ။

Photo Credit : Po Po Facebook Account
Photo Credit : Po Po Facebook Account
Photo Credit : Po Po Facebook Account
Photo Credit : Po Po Facebook Account

ဒီလိုတိုက်ပွဲဝင်ရင်းကျဆုံးသွားတဲ့ သူရဲကောင်းတွေကိုလည်း အနုပညာရှင်တွေကဝိုင်းဝန်းစုပေါင်းပြီး အလှူငွေလှူဒါန်းပေးကာ သူတို့ကိုယ်တိုင်ကလည်း သွားရောက်အားပေးနှစ်သိမ့်ခဲ့ကြတာပါ။ခုလည်းပိုပိုတစ်ယောက် သူငယ်ချင်းတွေစုပေါင်းပြီးရရှိထားတဲ့ အလှူငွေများကို မြောက်ဥက္ကလာမှာ ကျည်မှန်ပြီး ကျဆုံးသွားတဲ့ ကိုဖိုးချစ် ၊ ဇွဲထက်စိုးနဲ့ အခြားဒဏ်ရာရရှိထားတဲ့သူတွေရဲ့အိမ်ကိုသွားရောက်ကာ အလှူငွေများလှူဒါန်းပေးခဲ့ပြန်ပါတယ်။ပုံလေးတွေနဲ့အတူ "ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်း များဖြစ်ကြတဲ့ကိုဖိုးချစ် ကိုဇွဲထက်စိုး နဲ့မျက်စိထိမှန်သွားသော ကိုမင်းသူရ တို့ကို ကိုဟိဏ်းသစ် ကိုရဲ နှင့်သူငယ်ချင်းများ မမိုးငယ် တို့ရဲ့ အလှူငွေများကို  သွားရောက်လှူဒါန်းခဲ့ပါတယ်  ပိုပို လာပေးလို့ အင်အားဖြစ်တယ်ဆိုပြီး ပြောတဲ့ ကိုဖိုးချစ် ကိုဇွဲထက်စိုး တို့ရဲ့ ဇနီးများကိုလဲ စိတ်မကောင်းဖြစ်စွာနဲ့ အားပေးဖြစ်ခဲ့ပါတယ် " ဆိုတဲ့စာလေးကိုရေးသားဖော်ပြထားရာပြန်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Po Po Facebook Account
Photo Credit : Po Po Facebook Account
Source & Photo Credit : Po Po Facebook Account
Source & Photo Credit : Po Po Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T