ခန္ဓာကိုယ် အပူ၊အအေးမမျှတဲ့ အချိန်မှာပဲဖြစ်ဖြစ် ၊ နေပူထဲတွေ အထွက်များတဲ့အခါမှာပဲ ဖြစ်ဖြစ်
အအေးမိတဲ့ အခါမှာပဲဖြစ်ဖြစ် နှာစေး ၊ နှာချေတတ်ပါတယ်။
ဒီနှာစေး ၊ နှာချေတာဟာ မပြောပလောက်တဲ့ ဝေဒနာတစ်ခုလို့ ဆိုကြပေမယ့် ကြာလာတဲ့အခါ
နှာရည်များ တရွှဲရွှဲကျကာ နှာရည်ပူလောင်ခြင်း၊ ထိတ်ခတ်နာဖြစ်ခြင်း၊ နှာခေါင်း၊ ပါးစပ်နှင့် လည်ချောင်းတို့မှ မကောင်းသော အနံ့များ ထွက်လာတတ်ပါတယ်။
ဒါ့ကြောင့် ပရိသတ်တွေကို နှာစေး ၊ နှာချေတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးလေး တစ်ခုကို ဖော်ပြပေးချင်ပါတယ်။
ဒီကုထုံးလေးပြုလုပ်မယ်ဆိုရင်တော့ ကြံသကာ လက်တစ်ဆစ် ၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ ဆားအနည်းငယ်တို့ လိုအပ်ပါတယ်။
ပထမဆုံးအနေနဲ့ ကြံသကာကို ညက်သွားအောင်ထောင်းပြီး ဒယ်အိုးထဲကိုထည့်ပေးပါ၊ ပီးရင်ညက်အောင်ထောင်းထားတဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ကိုပါထည့်ပီး သမသွားအောင်မွှေပေးပါ ။ သမသွားပြီဆိုရင်တော့ နောက်ဆုံးအနေနဲ့ ဆားအနည်းငယ်ကိုပါထည့်ပီး မွှေပေးပါ။
မွှေပီးသွားပြီဆိုရင်တော့ ရလာတဲ့အရောအနှောကို ပုလင်းလေးတစ်လုံးထဲ ထည့်ထားပြီး မနက်မိုးလင်းတိုင်း လက်ထဲကိုအနည်းငယ်ထည့်ပီး လျက်ပေးပါ။
သုံးရက်လောက်ဆက်တိုက် လျက်ပေးမယ်ဆိုရင်ပဲ နှာစေး ၊ နှာချေတာကို ပျောက်ကင်းသွားစေနိုင်ပါတယ်။
နောက်ထပ်လည်း ပရိသတ်တွေရဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် သတင်းတွေကို ဖော်ပြပေးဦးမှာမို့လို့ page လေးကို see first လုပ်ထားကြဦးနော်။
သတင်း အရင်းအမြစ်៖ Healthline