လူထုလှုပ်ရှားမှုမှာပါ၀င်ရင်း မျက်လုံးတစ်ဖက်ဆုံးရှုံးပြီး တစ်လုံးကုသမှုခံယူနေရတဲ့ မင်းသူရအတွက် အလှူငွေသွားရောက်လှူဒါန်းခဲ့တဲ့ဘေဘီမောင်

//s9.kh1.co/74/74c8f5e42c80912c0febc15ce380ea2e69497b92.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာကို ပရိသတ်တွေအနေနဲ့လည်း တွေ့မြင်ကြမယ်ထင်ပါတယ်နော်။ အခုလိုမျိုးအားကြိုးမာန်တက်နဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်အားဖြည့်နေတဲ့သူတွေထဲမှာဆိုရင် ဘေဘီမောင်နဲ့သားဂန်းလည်းအပါအ၀င်ဖြစ်ပါတယ်.....။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

လူထုလှုပ်ရှားမှုတွေအားကောင်းလာတာနဲ့အမျှ တစ်ဖက်မှာလည်း ဖြိုခွင်းမှုတွေကိုဆက်တိုက်ဆိုသလို မြို့နယ်အနှံ့အပြားမှာပြင်းပြင်းထန်ထန်လုပ်ဆောင်လာကြတာကိုတွေ့မြင်ရပါတယ်။ ဖြိုခွင်းမှုတွေဆက်တိုက်လုပ်လာတာနဲ့အမျှ ပြည်သူတွေဘက်မှာလဲ ထိခိုက်ကျဆုံးမှုတွေဖြစ်ပေါ်နေတာကိုလည်း ပရိသတ်တွေသိမြင်ကြမယ်ထင်ပါတယ်နော်.....။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

မကြာသေးမီ‌လည်း ဘေဘီမောင်က "ဆုံးသွားတဲ့မောင်လေးဖိုးချစ်ကိုဝင်ဆွဲရင်းမျက်လုံးတစ်ဖက်ကျွတ်ပီး တစ်လုံးဒဏ်ရာခဲ့တဲ့ မောင်းလေးမင်းသူရ နေအိမ်သို့ စေတနာရှင်များလှူဒါန်းထားသောငွေ ၅သိန်း၉သောင်းနှင့် ကျမဘေဘီမောင်မှလှူဒါန်းသောငွေ၆သောင်း စုစုပေါင်းငွေ ၆၅၀၀၀၀ ကို မောင်လေးမင်းသူရ မိသားစုထံ အမေ ဆီသို့ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူပေးခဲ့ပါတယ်ရှင့်??​ဘေဘီနဲ့အတူပါဝင်လှူပေးကြတဲ့စေတနာရှင်များကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါသည်?????? မောင်လေးမင်းသူရရဲ့ကုသမူ့ခံယူနေရသောမျက်လုံးတစ်ဖက်ကိုလည်းအမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ဆုတောင်းပေးပါအုံးနော်???????..." ဆိုပြီးရေးသားကာ အလှူသွားလုပ်ခဲ့တဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc
Photo credit-Baby Maung's Facebook acc

သတင်း အရင်းအမြစ်Baby Maung's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T