ဖြိုခွင်းမှုတွေနဲ့အခက်အခဲတွေကြားက လမ်းပေါ်ထွက်ကာလူထုလှုပ်ရှားမှုတွေမှာ ပါဝင်အားဖြည့်နေကြတဲ့ မြင့်မြတ်၊ ရာဇာနေဝင်းနဲ့ ထူးခြားတို့အဖွဲ့

//s9.kh1.co/aa/aab19edc7b124dcc2e231dd505334a3bcb20920d.jpg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. လက်ရှိအခြေအနေတွေအရ ဖြိုခွင်းမှုတွေရှိနေပေမယ့် ပြည်သူပရိသတ်တွေအနေနဲ့ လူထုလှုပ်ရှားမှုတွေကို မြို့နယ်အလိုက် အဆက်မပြတ်လုပ်ဆောင်နေကြပြီး အနုပညာရှင်တွေတော်တော်များများကလည်း အားလုံးနဲ့အတူ ရပ်တည်နေတာ တွေ့ရပါတယ်..။

ယုံကြည်ချက်တွေနဲ့ တော်လှန်ရေးတိုက်ပွဲကြီးကို အင်တိုက်အားတိုက်လုပ်ဆောင်နေကြသလို ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြတဲ့ မြင့်မြတ်၊ ရာဇာနေဝင်းအပြင် ထူးခြားနဲ့ကေညီတို့ကလည်း လူထုလှုပ်ရှားမှုတွေမှာ ပါဝင်အားဖြည့်နေပါတယ်..။

Photo Credit - Yarzar Naywin's Fb Acc
Photo Credit - Yarzar Naywin's Fb Acc
Photo Credit - Htoo Charr's Fb Acc 
Photo Credit - Htoo Charr's Fb Acc 
Photo Credit - Yarzar Naywin's Fb Acc
Photo Credit - Yarzar Naywin's Fb Acc

တတ်နိုင်တဲ့ဘက်ကနေ နည်းအမျိုးမျိုးနဲ့ကြိုးစားတိုက်ပွဲဝင်နေကြသလို ဒီကနေ့လေးမှာလည်း ရာဇာနေဝင်း၊ မြင့်မြတ်၊ ကေညီနဲ့ထူးခြားတို့ သူငယ်ချင်းတွေကလည်း အရေးတော်ပုံအောင်မြင်ဖို့အတွက် လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်..။

သူတို့အဖွဲ့ဟာ ပြည်သူတွေနဲ့အတူ စိတ်တူကိုယ်တူနဲ့ တော်လှန်ရေးတိုက်ပွဲကြီးကိုဆင်နွှဲနေကြကာ ထိုင်သပိတ်တွေမှာလည်းပါဝင်ပြီး ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ကြွေးကြော်လိုက်တဲ့အသံတွေကလည်း တကယ်ကိုခွန်အားအပြည့်ပါပဲ..။

Photo Credit - Htoo Charr's Fb Acc 
Photo Credit - Htoo Charr's Fb Acc 
Photo Credit - Yarzar Naywin's Fb Acc
Photo Credit - Yarzar Naywin's Fb Acc
Photo Credit - Yarzar Naywin's Fb Acc
Photo Credit - Yarzar Naywin's Fb Acc

"အရေးတော်ပုံ...အောင်ရမည်။.." ဆိုပြီး ပြည်သူတွေနဲ့အတူလူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ သူတို့ရဲ့ပုံရိပ်လေးတွေကို ထူးခြားက မျှဝေသလို ရာဇာနေဝင်းကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဝေမျှထားပါသေးတယ်..။

ပရိသတ်တွေကလည်း ထိပ်တန်းအနုပညာရှင်တွေအနေနဲ့ အခုလို ကိုယ်တိုင်ကိုယ်ကျလမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ပေးကြတာတွေကို သဘောကျအားပေးနေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Yarzar Naywin's Fb Acc
Photo Credit - Yarzar Naywin's Fb Acc
Photo Credit - Yarzar Naywin's Fb Acc
Photo Credit - Yarzar Naywin's Fb Acc
Photo Credit - Htoo Charr's Fb Acc 
Photo Credit - Htoo Charr's Fb Acc 

သတင်း အရင်းအမြစ်Htoo Charr's Fb Acc & Yarzar Naywin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T