ကြွေလွင့်ခဲ့ရတဲ့ သူရဲကောင်းတချို့နဲ့ ကျည်ထိလူနာတွေကို မိတ်ဆွေသူငယ်ချင်းတွေနဲ့ အလှူရှင်များစုပေါင်းပြီး အလှူငွေများ ပေးအပ်လှူဒါန်းပေးခဲ့တဲ့ ခင်ဝင့်ဝါ

//s9.kh1.co/a1/a1d787fbcc89d97b02a5658066699f7286111ace.jpg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မော်လ်ဒယ်သရုပ်ဆောင် ခင်ဝင့်ဝါက လတ်တလော လူထုလှုပ်ရှားမှုတွေမှာ အမှန်တရားကို လိုလားကြတဲ့ပြည်သူပြည်သားတွေနဲ့ အတူ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူတွေအတွက်လည်း ခင်ဝင့်ဝါက တတ်နိုင်သလောက် အလှူလေးတွေကို ပြုခဲ့ပါတယ်။ ယခုမှာလည်း ခင်ဝင့်ဝါက အနုပညာသူငယ်ချင်းတွေအပြင် အခြားစေတနာရှင်တွေနဲ့ စုပေါင်းပြီး လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ မုံရွာက အာဇာနည်သူရဲကောင်းတွေကိုရော ဒဏ်ရာရရှိခဲ့တဲ့သူတွေကိုပါ အလှူငွေများ ကူညီထောက်ပံ့ လှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page

ဒီအလှူလေးနဲ့ပတ်သက်ပြီး ခင်ဝင့်ဝါက "ကျွန်မတို့ သူငယ်ချင်းမိတ်ဆွေများနဲ့ စေတနာရှင်ပြည်သူများ၊ ပရိသတ်များ ရဲ့ စုပေါင်း လှူဒါန်းငွေများထဲမှ မုံရွာမြို့တွင် ကျဆုံးသွားတဲ့ အာဇာနည် ကိုဇော်သိန်းအောင် နှင့် အာဇာနည် ကိုကောင်းမင်းခန့်ကျော်(ခ)ဖိုးသဲ တို့ကို ဆက်သွယ် ပေးအပ်ခဲ့ပါတယ်...ဒီနေ့မှာလည်း ကျည်ထိလူနာ စုစုပေါင်း (၁၁) ဦး အတွက်လည်း ဆေးကုသရန် အတွက် ထပ်မံသွားရောက်ပေးအပ်ခဲ့ပါတယ် ရှင်...နောက်ရက်တွေမှာလည်း ရန်ကုန် နဲ့ နယ်အသီးသီးရှိ မလှူရသေးသောသူများထံ ဆက်သွယ်လှူဒါန်းသွားမှာ ဖြစ်ပါတယ် ...

Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page

သွားရေး လာရေး အခက်အခဲ နဲ့ ဆက်သွယ်ရေးအခက်အခဲများကြောင့် အနည်းငယ်ကြန့်ကြာနေရခြင်းကိုလည်း နားလည်ခွင့်လွှတ်ပေးပါ ရှင့်...တတ်အားသရွေ့ ပါဝင်လှူဒါန်းလိုသူများလည်း ဆက်သွယ်နိုင်ပါတယ် ...ပါဝင်လှူဒါန်းကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်..." ဆိုပြီး လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် လူထုလှုပ်ရှားမှုတွေမှာ အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေကိုရော ဒဏ်ရာရရှိခဲ့တဲ့သူတွေကိုပါ အလှူငွေများလှူဒါန်းပေးခဲ့တဲ့ ခင်ဝင့်ဝါ နှင့် တခြားအလှူရှင်တွေကိုပါ ဆုတောင်းမေတ္တာပို့သပေးပါဦး။

Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page
Photo Credit - Khin Wint Wah fb page

သတင်း အရင်းအမြစ်Source - Khin Wint Wah fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T