အသက်ဘေးအန္တရာယ်ကလွတ်မြောက်အောင် သူငယ်ငယ်ကတည်းကရွတ်ဖတ်လာတဲ့ ဂါထာလေးကို မသိသေးတဲ့ပြည်သူတွေအတွက် မျှဝေလာတဲ့ စိုင်းလွှမ်း

//s9.kh1.co/d3/d3cf749021e00ecbf97bf90febd4487ed9f4bd34.jpeg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အသက်ဘေးအန္တရာယ်ကလွတ်မြောက်အောင် သူငယ်ငယ်ကတည်းကရွတ်ဖတ်လာတဲ့ ဂါထာလေးကို မသိသေးတဲ့ပြည်သူတွေအတွက် မျှဝေလာတဲ့ စိုင်းလွှမ်း

သရုပ်ဆောင်၊အဆိုတော်စိုင်းလွှမ်းကတော့ အရမ်းချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ဖခင်ဖြစ်ပါတယ်။စိုင်းလွှမ်းရဲ့သမီးချောလေး စစ်လွန်းဝတီထက်ကလည်း အဖေတူလေးဖြစ်ပြီး မိဘအပေါ်သိတတ်ကာလိမ္မာရေးခြားလည်းရှိပါတယ်။စိုင်းလွှမ်းတို့သားအဖနှစ်ယောက်က အပြန်အလှန်ဂရုစိုက်ကြရင်း ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေကြတာဖြစ်ပါတယ်။စိုင်းလွှမ်းက လက်ရှိအခြေအနေမှာဆိုရင်လည်း သမီးလေးရဲ့အနာဂတ်အတွက် အမှန်တရားဘက်ကနေ ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit:Sai Hlwan’s Facebook Acc
Photo Credit:Sai Hlwan’s Facebook Acc
Photo Credit:Sai Hlwan’s Facebook Acc
Photo Credit:Sai Hlwan’s Facebook Acc

စိုင်းလွှမ်းကတော့ ပြည်သူတွေနဲ့အတူ တစ်ထောင့်တစ်နေရာကနေပါဝင်အားဖြည့်ရင်း လက်ရှိအခြေအနေကို ရဲဝံ့စွာရင်ဆိုင်နေတာဖြစ်ပါတယ်။အခုလိုကာလမှာဆိုရင် ပြည်သူလူထုက လမ်းပေါ်ထွက်ပြီးတော့လည်း လူထုလှုပ်ရှားမှုတွေပြုလုပ်ကြသလို ဘုရား၊တရားနဲ့လည်း အခြေအနေကောင်းမွန်အောင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။စိုင်းလွှမ်းကလည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တာကြောင့် အသက်ဘေးအန္တရာယ်က လွတ်မြောက်အောင် ငယ်ငယ်ကတည်းက ရွတ်ဖတ်လာတဲ့ဂါထာလေးကို မသိသေးတဲ့သူတွေအတွက် မျှဝေပေးလာတာဖြစ်ပါတယ်။

Photo Credit:Sai Hlwan’s Facebook Acc
Photo Credit:Sai Hlwan’s Facebook Acc
Photo Credit:Sai Hlwan’s Facebook Acc
Photo Credit:Sai Hlwan’s Facebook Acc
Photo Credit:Sai Hlwan’s Facebook Acc
Photo Credit:Sai Hlwan’s Facebook Acc

စိုင်းလွှမ်းကတော့“ငယ်ငယ်တုန်းက လက်မြန်ခြေမြန်နဲ့ပြဿနာတွေ ခဏခဏရှိတတ်တော့ ပြန်မပြောနားမထောင်နဲ့ ကြာလာတော့မိဘတွေက စိတ်ပူပြီး သူများသတ်လို့ လွယ်လွယ်ကူကူနဲ့ မသေနိုင်ဘူး accidents နဲ့ လည်းမသေနိုင်ဘူး ဒီဂါထာလေးတော့ကျက်ထားဆိုပြီး ကျက်ခိုင်းတာလေး သတိရလို့ .....ဘာပဲပြောပြောဒီအချိန်မှာ ဗုဒ္ဓဘာသာတွေအတွက်စိတ်ထဲကနေလုံခြုံမှုလေး တစ်ခု အနေနဲ့ဖြစ်ဖြစ် မသိသေးတဲ့သူတွေအတွက် ပြန်ပြီးမျှဝေတာပါ...တော်တော်များများတော့သိကြပါတယ် မေ့နေရင်လည်း သတိတရရှိသွားတာပေါ့...”ဆိုပြီး တစ်ဖက်တစ်လမ်းကနေအကူအညီဖြစ်အောင်လို့ မျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit:Sai Hlwan’s Facebook Acc
Photo Credit:Sai Hlwan’s Facebook Acc
Photo Credit:Sai Hlwan’s Facebook Acc
Photo Credit:Sai Hlwan’s Facebook Acc

Source&Photo Credit:Sai Hlwan’s Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T